Jail News

0 0
Read Time:7 Minute, 15 Second

ဖျာပုံအကျဉ်းထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ရိုက်နှက်နှိပ်စက်သည့်အပြင် ထောက်ဖောက်ရန်ကြံစည်နေသည်ဟု လိမ်လည်သတင်းပို့ကာ ရဲ၊ စစ်သားများကို ထပ်မံခေါ်ယူပြီး ပစ်ခတ် ရိုက်နှက်

 

D Day News

ဧပြီလ ၃

 

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ အကျဉ်းထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက် နှက်နှိပ်စက်သည့်အပြင် ဖောက်ရန် ကြံစည်နေသည်ဟုဆိုကာ စစ်တပ်၊ ရဲ တို့ကိုခေါ်ယူပြီး ထပ်မံ ပစ် ခတ်ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်သည်။

 

မတ်လ ၃၁ ရက်နေ့လည်ပိုင်း တန်းပိတ်ထားချိန်တွင် ပုဒ်မ – ၅၄ ဖြင့် အမှုရင်ဆိုင်‌နေရသည့် အသက် ၃၃ နှစ် အရွယ် ကိုန်းလင်းအောင်ကို အကျဉ်းဦးစီးဌာန ဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က အကြောင်း ပြချက်မရှိဘဲ ဥပဒေမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရိုက်နှက်ခံရမှုကို နေ့လည် တန်းပြန်ဖွင့်ချိန် အခန်းပြင်ပ သွားလာခွင့်ရသဖြင့် နိုင်ငံရေး အကျဉ်း သားများက တပ်ကြပ်ကြီး၊ အိပ်ဆောင်မှူးနှင့် ထောင်ဝန်ထမ်းမျာကို ယခုကဲ့သို့ ဥပဒေမဲ့ရိုက်နှက်မှုမျိုး ပြုလုပ်ခွင့်မရှိကြောင်း တင်ပြခဲ့ရာ အိပ်ဆောင်မှူးနှင့်ထောင်ဝန်ထမ်းငယ်များက ပြန်လည်အော်ဟစ် ပြောဆိုရာ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

ထပ်မံဖြစ်ပေါ်လာသည့် ပဋိပက္ခ၌လည်း ဖျာပုံအကျဉ်းထောင် အာဏာပိုင်များက ကောင်းစွာ ဖြေရှင်း မှု မပြုလုပ်ပဲ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားရာဇဝတ်အကျဉ်းသားများက ထောင်ဖောက်ရန် ကြံစည်နေသည် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့သည်ဟု ဆိုသည်။

 

ထို့ကြောင့် မတ်လ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များကအကျဉ်းထောင် သို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားရာဇဝ်အကျဉ်း သား များကို ရိုက်နှက် ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်မှုသည် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အ ထိ တိုင်အောင် ပြုလုပ်ခဲ့ပြီး ရိုက်နှက်နှိပ်စက်ခံရသူများမှာ အသက် ၂၁ နှစ်အရွယ်မှ အသက် ၆၅ နှစ် အရွယ်အထိ ပါဝင် ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သား၊ ရဲ၊ အကျဉ်းထောင်ဝန်ထမ်းများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်း သား ၂၀ ဦးမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူရန် အရေးပေါ်လို အပ်လျက် ရှိကြောင်း၊ အချို့နိုင်ငံရေးအကျဉ်းသားများမှာ ခြေထောက်များရိုက်နှက်ခံရမှုကြောင့် လမ်းမလျှောက် နိုင်ပဲ ခွေလဲကျသည်အထိဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂ ရက် ညပိုင်းအထိ အခြားရာဇာဝတ်အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို ခေါ် ယူ စစ်ဆေးရိုက်နှက်နေဆဲ ဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားအပါအဝင် အခြား အကျဉ်းသား  ၈၀ ကျော် ရိုက်နှက်စစ်ဆေးခံနေရဆဲဖြစ်သည်ဟု ဆိုသည်။

 

ဧပြီလ ၁ ရက် ညပိုင်းက နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်း အောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံတို့အပြင် ဓားပြမှုဖြင့် အမိန့်ချခံထား ရသည့် ကိုအောင်ကြီးတို့ အပါအဝင် စုစုပေါင်း ၁၈ ဦးကို မြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင်မှ ထောင်စည်းကမ်း ဥပဒေ၂၂၄ ဖြင့် ထောင်ဒဏ် ၆ လ ထပ်မံ အမိန့်ချခဲ့ပြီး ၎င်းတို့ကို အကျဉ်းထောင် တိုက်အတွင်း၌ တိုက်ပိတ်ထားခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်တွင် ဖျာပုံထောင်တာဝန်ခံအရာရှိ ဇော်ထွန်းဦး၊ ကျူးလွန်ရာတွင် ဒုတိယ တာဝန်ခံ အရာ ရှိ အောင်ဆန်းလင်း၊ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊ ‌ရဲမြင့်၊ ဟိန်းထက်အောင်တို့အပါအဝင် ဧရာဝတီအခြေစိုက် တပ်ရင်း ၉၈ ၊ မြို့မရဲစခန်း၊ ခရိုင်ရဲ စခန်း မှ စခန်းမှူးများနှင့် တပ်ဖွဲ့ဝင်များ အဓိကပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက် – PPNM ထုတ်ဖော်ထားသည်။

 

ယခုကဲ့သို့ လက်နှက်ကိုင်ဆောင်ထားခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ဝန်းရံသူ အခြား ရာဇဝတ်အကျဉ်းသားများအပေါ် ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်နေမှု များအမြန်ဆုံး ရပ်တန့်နိုင်မှ သာ လျှင် အကျဉ်းသားများ လက်ရှိပြုကျင့် ခံနေရသည့် ဥပဒေမဲ့ နှိပ်စက်ရိုက်နှက်မှုများ လျော့ကျသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က အသိပေး ထားသည်။

 

အကျဉ်းထောင်များတွင် လူသားတိုင်း အခြေခံရရှိသင့်သည့် Right to life (အသက်ရှင်သန်ပိုင်ခွင့်)၊ Freedrom from torture (ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်) စသည့် အခြေခံအချက်များပင်မရ ရှိပဲ ချိုးဖောက်ခံနေရပြီး ထိုသို့ချိုးဖောက်မှုများကိုပြုလုပ်ရန် စေခိုင်းသူများ၊ ကျူးလွန်သူများ၊ ပါဝင် ပက်သက်သူများအပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပေးရန်၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)အဖွဲ့အနေဖြင့်လည်း မြေပြင်တွင်ထိရောက်သော ကူညီဆောင်ရွက်မှုများ ပြုနိုင်ရန်အတွက် အကျဉ်းထောင်တွင်းသို့အမြန်ဆုံးဝင်ရောက်ခွင့်ရရှိအောင်‌ကြိုးစားရန်၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေး၊ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအပေါ်ညှဉ်းပန်းနှိပ်စက်မှုများ မရှိစေ ရေးအတွက် စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို အမြန်ဆုံး ဖိအားပေးရန် မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တောင်းဆိုထားသည်။

 

Photo -မတ်လ ၃၁ ရက်နေ့ ဖျာပုံအကျဥ်းထောင်အတွင်း၌ ဥပဒေမဲ့ ရိုက်နက်ခြင်းခံရပြီးနောက် လမ်း မလျှောက်နိုင်၍ တစ်ဦးကိုတစ်ဦး တွဲကူနေရမှုမြင်ကွင်း

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *