Monywa News

0 0
Read Time:1 Minute, 54 Second

မုံရွာမြို့နယ်တွင် တွဲကား ၇ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ကားမောင်းသမား အပါအဝင် ၅ ဦး ဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနှင့် မအူကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်ယာဉ်တန်း ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမောင်းသမားအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာမထီ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီ ၃၇ မိနစ်အချိန်က မန္တလေးဘက်မှအ ကြမ်းဖက်စစ်သား များ တင်ဆောင်ပြီး မုံရွာမြို့ဘက်သို့ ထွက်လာသော တွဲကား ၇ စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တွဲကားဦးခေါင်းပိုင်း ထိခိုက် ပျက်စီးပြီး ထိုးရပ်သွားကာ ကားသမားအပါအဝင် စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“အသေအပျောက်ကတော့ မသိရသေးဘူးူ။ ကားသမားအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့တော့ သိရ တယ်။ ကားခေါင်းက စုတ်ပြတ်သတ်သွားတာ။ ကားထိုးရပ်သွားပြီး မိနစ် ၂၀ လောက်ကြာတော့ မုံရွာ မြို့ထဲကနေ စခတွေရောက်လာပါတယ်။ ပြီးတော့ သူတို့ကားအချင်းချင်းဆွဲယူသွားပါတယ်” ဟု ဘာ မထီတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *