NUG News

0 0
Read Time:2 Minute, 52 Second

စစ်ရေး အရှိန်တိုးမြှင့် တိုက်ခိုက်လျက်ရှိသည့် မန္တလေးတိုင်းအတွက် လိုအပ်သည့် စစ်ရေး၊ ထောက်ပံ့ ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း သတိပေး

 

D Day News

ဩဂုတ်လ ၉

 

ထိုးစစ်ဆင်အရှိန် တိုးမြှ့င်တိုက်ခိုက်လျက်ရှိသည့် မန္တလေးတိုင်းအတွင် လိုအပ်သည့် စစ်ရေး၊ ထောက် ပံ့ ပို့ဆောင်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်ထောက်ပံ့ကူညီရေး၊ အုပ်ချုပ်ရေး ထူထောင်မှုလုပ်ငန်းများကို ဂရုတစိုက် ကြိုတင် စီမံ ဆောင်ရွက် ထားကြရန် ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၄) တွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“မန္တလေးဒေသအတွက် လိုအပ်တဲ့ စစ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်ထောက်ပံ့ကူညီရေးနဲ့ အုပ်ချုပ်ရေးထူထောင်မှုလုပ်ငန်းတွေကို ဂရုတစိုက်နဲ့ကြိုပြီး စီမံ ဆောင်ရွက်စေလိုပါတယ်။ မြို့နယ်တွင်းပြဿနာတွေကို ကိုင်တွယ်တဲ့အခါမှာလည်း တတ်နိုင်သမျှ ပြဿနာ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ပြီး အမှားကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ် ပေးဖို့လိုသလို မှန်မှန်ကန်ကန် ဆောင်ရွက်နေသူတွေကိုလည်း မှားယွင်းအပြစ်မပေးမိအောင် စီမံကြ ရမှာ ဖြစ်ပါတယ်။” ဟု  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ထို့အပြင် ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းတွင်လည်း လက်ရှိအရေးပေါ်အခြေအနေ၊ စစ်ဘေး ရှောင်ကဏ္ဍတို့ ကို တိုက်ရိုက်အထောက်အကူပြုသည့် လုပ်ငန်းများဘက်တွင် ပိုမို အားဖြည့်သုံးစွဲစေလိုကြောင်း၊ပြည် တွင်း၌ ဆေးဝါးပြတ်တောက်မှုဖြစ်လာနေပြီး တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် လို အပ်သည့် ဆေးဝါးပစ္စည်းများ ထောက်ပံ့နိုင်ရန် စနစ်တကျ ထည့်သွင်းစဉ်းစားကြ ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *