Phyu News

0 0
Read Time:2 Minute, 50 Second

ဖြူမြို့နယ်၊ ညောင်ပင်သာမြို့၊ ရွာလယ်ဘုန်းကြီးကျောင်း၌ စခန်းချနေသော စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၇

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို ၊ ရွာလယ် ဘုန်းကြီးကျောင်း၌ စခန်းချထားသော အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံး ခဲ့ကြောင်း ဖြူးမြို့နယ်ပကဖထံမှ သိရသည်။

 

ဩဂုတ်လ ၆ ရက် ည ၉ နာရီ ၅၈ မိနစ်မှ ည ၁၀ နာရီ ၃၆ မိနစ်အချိန်အထိ ဖြူးမြို့နယ်၊ ညောင်ပင် သာမြို့အရှေ့ဘက် မြို့မ ၃ လမ်းနှင့် မြို့မ ၂ လမ်းဆုံရှိ ရွာလယ်ဘုန်းကြီးကျောင်း၌ အင်အား ၃၀ ခန့် ဖြင့်အထိုင်ချတပ်စွဲရန် ပြင်ဆင်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်သေဆုံးပြီး ၃ ဦးမှာ တောင်ငူဆေးရုံအရောက် သေဆုံးသွားကြောင်း သိရသည်။

“၃ ရက်နေ့ကတည်း ရောက်နေတာ၊ အဲဒီနေ့ကလည်း ဒရုန်းနဲ့ ဗုံးချခဲ့သေးတယ်၊ အင်အား ၃၀ လောက်ရှိမယ်၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု ဖြူးမြို့နယ်ပကဖမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ဩဂုတ်လ ၃ ရက် နံနက် ၅ နာရီ ၇ မိနစ်မှ ၅ နာရီ ၃၃ မိနစ်အချိန်အထိ ညောင်ပင်သာမြို့၊ ရွာလယ် ဘုန်းကြီးကျောင်း၌ စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦး ပေါင်ထိမှန်ဒဏ်ရာနှင့် ကျန်အကြမ်းဖက်စစ်သားတစ်ဦး ပါးကို ထိမှန်ကာ သွားများ ကျွတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မွန်းလွဲ ၁ နာရီ ၅၃ မိနစ်မှ ၂ နာရီ ၃၂ မိနစ်အထိ ဒရုန်းဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသားများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ညောင်ပင်သာမြို့ အရှေ့ဘက် အုန်းပင်စုကျေးရွာနှင့် အင်ပင်သာ ကျေး ရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်သားများကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *