စစ်အာဏာရှင်များကြောင့် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သည့် ပြည်သူချစ် တပ်မတော်သည် ယနေ့အချိန်အခါတွင် ပြည်သူ့တံတွေးခွက်ထဲမျောခဲ့ရပြီဖြစ်ပြီး တိုင်းစစ်ဌာနချုပ်၊ တပ်ရင်း၊ တပ်မ၊ ဗျူဟာအ လိုက် အလင်းဝင်ပူးပေါင်းကာ သမိုင်းသစ်ရေးထိုးကြရန် NUG ကာကွယ်ရေးဝန်ကြီး ဖိတ်ခေါ်
D Day News
ဩဂုတ်လ ၇
စစ်အာဏာရှင်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သည့် ပြည်သူချစ် တပ်မတော်သည် ယနေ့အချိန်အချိန်အခါတွင် ပြည်သူ့တံတွေးခွက်ထဲမျောခဲ့ရပြီဖြစ်ပြီး တိုင်းစစ်ဌာချုပ်၊ တပ်ရင်း ၊တပ်မ၊ ဗျူဟာအလိုက် အလင်းဝင်ပူးပေါင်းကာ သမိုင်းသစ်ရေးထိုးကြရန် NUG ကာကွယ်ရေး ဝန် ကြီး ဦးရည်မွန်က ဖိတ်ခေါ်လိုက်သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးကစစ် အုပ်စုလက် အောက်ခံ တပ်မှုးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား အထူးအသိပေး နှိုးဆော်ချက်ဖြင့် တိုက်တွန်း ခဲ့ကြောင်း၊ တပ်မတော်တစ်ခု၏ အဓိကတာဝန်သည် နိုင်ငံနှင့် ပြည်သူကို အကာအကွယ်ပေးရန်ဖြစ် ပြီး စစ်အာဏာရှင်ကို အကာအကွယ်ပေးဖို့ မဟုတ်ကြောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို အကာအကွယ်ပေးရင်း စစ်သား၊ ရဲတို့၏ လက်တွင် ပြည်သူ့သွေး အထပ်ထပ် စွန်းခဲ့သည်ကို သတိ ချပ်စေလိုကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
“ဒီကနေ့ထိ စစ်အုပ်စုသစ္စာခံ လုပ်နေတဲ့ ခင်ဗျားတို့အားလုံး ပြန်စဥ်းစားသင့်တာက ငါတို့ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ကော ငါတို့ကိုယ်တိုင်ပါ ဒီကနေ့ဘယ်အခြေအနေ ဆိုက်နေပြီလဲ ဆိုတဲ့အချက်ပဲ။
ခင်ဗျားတို့ ယူနီဖောင်းဝတ်ပြီး လူတောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသ လား။ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ပြည်သူ့ချစ်တပ်မတော်ဟာ ဒီကနေ့တော့ ပြည်သူ့တံ တွေးခွက်ထဲ မျောခဲ့ပြီ။ ပြည်သူက ခင်ဗျားတို့ကို စစ်ေ-ွး ရဲ ေ-ွးလို့ ခေါ်ကြတာ အကြောင်းမဲ့ မဟုတ် ဘူး။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ပြည်သူ့သွေးစွန်းနေသည့် စစ်သားများများအနေဖြင့် ချေဖျက်၍ ရရှိခြင်း ထုံစံမရှိပဲ၊ ရာဇဝတ်ဘေး သည် ပြေး၍ မလွတ်နိုင်ကြောင်း၊ ယခုအခါ စစ်အာဏာရှင်များ၏ နောက်ဆုံးနေ့ရက်သည် ရောက်ရှိ လာခဲ့ပြီဖြစ်ကြောင်း အသိပေးထားသည်။
“ခင်ဗျားတို့ လက်မှာ စွန်းနေတဲ့ ပြည်သူ့သွေးတွေဆိုတာ ချေဖျက်လို့ ရရိုးလား။စစ်ရာဇဝတ်ဘေး ပြေး လွတ်မယ် မဟုတ်ဘူးဆိုတာလည်း ခင်ဗျားတို့ သတိချပ်ဖို့သင့်တယ်။ အခုဆိုရင် စစ်အာဏာ ရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်း ရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆို တာ သတိချပ်စေလိုတယ်။” ဟု ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
ယနေ့အချိန်အခါတွင် ပြည်ထောင်စုမပြိုကွဲရေးအတွက်တ တာဝန်ယူစောင့်ရှောက်နိုင်မည့်သူ၊ တာဝန်ယူစောင့်ရှောက်နေသည့် သူသည် ပြည်သူ့အစိုးရနှင့် ပြည်သူ့တော်လှန်ရေးအဖွဲ့များသာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်ရောက်နေပြီ။စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာ အ ကွယ်ပေးနေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်ရောက်လာပြီ။ ခင်ဗျားတို့လက်မှာ ပြည်သူ့သွေး ထပ်မစွန်းပါစေတော့နဲ့။ စစ်အာဏာရှင် ခိုင်းသမျှ မျက်ကန်းတစ္ဆေမကြောက် နာခံနေခြင်းဟာ ခင် ဗျားတို့ အသက်တွေ ၊ ဘဝတွေ အချီးနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်စေလိုတယ်။
ဒါကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ပါ။ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်း တွေကို နာခံပါ။ အချိန်မနှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကို ပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်။” ဟု NUG ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဖမ်းဆီးရရှိသည့် ဒုဗိုလ်မှုးကြီးသက်အောင် အပါအဝင် စစ်သုံ့ပန်းများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်ထဲသို့ ရောက်ရှိချိန်တွင် အသက် အန္တရာယ် ကင်းပြီဟု စိတ်ဒုံးဒုံး ချကာ စိတ်လက်ပေါ့ပါးသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် လူကို တိုက်နေခြင်းမဟုတ်ပဲ စနစ်ကို တိုက်နေခြင်းဖြစ်သဖြင့် စစ်သား၊ ရဲ၊ တို့၏ အသက်၊ ဘဝများ အကျိုးမဲ့ မဆုံးရှုံးစေလိုကြောင်း အသိပေးထားသည်။
“ကျွန်တော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်၊လူကို တိုက်နေတာမဟုတ်ဘူး။ခင်ဗျားတို့ အ သက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ ကျွန်တော် တို့ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။ စစ်မြေပြင် ရောက်မှ ခင် ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင် ဗျားတို့ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်။ ဒါကြောင့် တပ်ရင်း တပ် ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရ NUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ပါ။(ကျွန်တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။)” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၆ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း တိုင်းပြည်နှင့်ပြည်သူလူထု စစ်ကျွန်ဘဝ နစ်မွန်းခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူထဲက ပေါက်ဖွား လာသည့် စစ်တပ်ကိုယ်တိုင်က စစ်အာဏာရှင်များ၏ စစ်ကျွန်ပြုမှုကို အသုံးချခံနေရကြောင်း၊ တိုင်း ချစ်ပြည်စိတ်ရင်း အမှန်ရှိပါက ကိုယ်လျှောက်ရမည့်လမ်းကို အသိဉာဏ်ရှိရှိ ၊ သတ္တိရှိရှိ ရွေးချယ်ကြ စေလိုကြောင့်၎င်းက ဆက်လက်တိုက်တွန်းထားသည်။
“ခင်ဗျားတို့လည်း ပြည်သူထဲက ပြည်သူတွေပဲ။ စစ်တပ်ကိုယ်တိုင် စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ပြု အသုံးချခံနေရတာပဲ။ တိုင်းချစ်ပြည်ချစ်စိတ် အမှန် ရှိရင် ကိုယ်လျှောက်ရမယ့်လမ်းကို အသိဥာဏ်ရှိရှိ သတ္တိရှိရှိ ကိုယ်တိုင်ရွေးချယ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီကနေ့ ပြည်သူ့တော်လှန်ရေးက ခေတ်သစ် စနစ် သစ် ပြောင်းလဲရေးကို ဦးတည်တယ်၊တိုင်းသစ်ပြည်သစ် ထူထောင်ရေးကို ဦးတည်တယ်။ ပြည် သူကို လေးစားပြီး ခေတ်စနစ်ပြောင်းလဲရေးကို လက်ခံတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက လက်ကမ်းကြိုဆိုနေလိမ့်မယ်။ ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းသစ်ရေးသူတွေထဲ အပါအဝင် ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ အမြင်မှန်ရရင် ခင်ဗျားတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ အသိပေးလို ပါတယ်။” ဟု NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က ပြောကြားသည်။
D Day News