NUG News

0 0
Read Time:5 Minute, 16 Second

လားရှိုးအခြေစိုက် ရမခ သိမ်းပိုက်အောင်မြင်မှုအပေါ် ဝမ်းမြောက်ဂုဏ်ပြုကြောင်းနှင့် အကြမ်းဖက် စစ်အုပ်စု မကြာမီနိဂုံးချုပ်တော့မည်ဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောဆို

 

D Day News

ဩဂုတ်လ ၇

 

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – ရမခ သိမ်းပိုက်အောင်မြင်ကို ဂုဏ်ပြု ကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စု မကြာမီနိဂုံးချုပ်တော့မည်ဖြစ်ကြောင်း NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ်၊ ၂၂/၂၀၂၄ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့ခြင်းဖြစ် သည်။

 

“ပထမဦးစွာ ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုစကားပြောကြားလိုတာကတော့ မြန်မာ့အမျိုး သားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဦး‌ဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များရဲ့ အောင်မြင်မှုကိုပဲ ဖြစ်ပါတယ်။ ဩဂုတ်လ (၃) ရက်နေ့မှာ အာဏာလုစစ်အုပ်စုရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တော်လှန်ရေး မဟာ မိတ်တပ်ဖွဲ့တွေက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဟာ တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲ ဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ် ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသ အားလုံးမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ် ပါတယ်။ တစ်နိုင်ငံလုံး နေရာဒေသအနှံ့ မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နိုင်ငံ ရေး နဲ့ စစ်ရေးကို ဟန်ချက်ညီညီ ဆက်လက်ကြိုးပမ်းသွားကြမယ်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ဆက် လက် ဖော်ဆောင်နိုင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့ အမြန် ရောက်ရှိလာတော့ မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြား သည်။

အကြမ်းဖက်စစ်အုပ် မြန်မြန်နိဂုံချုပ်မှသာ ဘက်ပေါင်းစုံမှ ဒုက္ခခံစားနေကြရသည့် ပြည်သူလူထု၏ ဒုက္ခသက်သာချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်း၊ စစ်ဘေးဒဏ်နှင့်အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူး အလဲ ခံစားနေကြရသည့်အပြင် စိတ်ရောကိုယ်ပါ မလုံခြုံမှုများဖြင့် နေထိုင်ကြရကြောင်း၎င်းက ဆက် လက်ပြောကြားသည်။

 

“အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေ ကြ ရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်ပါတယ်။ စစ်ဒဏ်နဲ့အတူ ငွေကြေး ဖောင်းပွမှုဒဏ် ကို အလူးအလဲခံစားနေကြရတဲ့ ပြည်သူတွေဟာ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိစွာနဲ့ နေထိုင်နေကြရ တာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စက်သုံးဆီရှားပါးမှု ပြဿနာဟာ လည်း ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အတော်လေး ထိခိုက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။” ဟု ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

ထို့ကြောင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် တဖက်မှ စစ်ရှိန်မြင့်နေစဉ် တဖက်မှ နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးစရာများ၊ စုစည်းဆောင်ရွက်ကြရမည့် အရာများကို စဉ်ဆက်မပြတ် ထိစပ်ဆောင် ရွက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သတိပေးထားသည်။

 

“၃ နှစ်ကျော်ဖြတ်သန်းလာတဲ့ ဒီနွေဦးတော်လှန် ရေးမှာ အဆုံးသတ်ကို ကျွန်‌တော်တို့ မြင်နေရပြီဆို တာ အားလုံးလည်း လက်ခံပြီးဖြစ်မယ် ထင်ပါတယ်။ အရေးကြီးတာက နွေဦးတော်လှန်ရေးရဲ့ အောင် ပွဲကို ဟန်ချက်ညီညီ ဘယ်လို ပွဲသိမ်းကြမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဟန်ချက်ညီဖို့ဆိုတာလည်း တော် လှန်ရေးအင်အားစု တွေအားလုံးနဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အားလုံးအဆင်ပြေပြေ ညှိနှိုင်း ဆောင်ရွက် နိုင်ဖို့ပါပဲ။ ဝန်ကြီးများအားလုံးလည်း ဟန်ချက် ညီညီ ရှေ့ဆက်နိုင်ဖို့ရန်အတွက် ဆက် လက် ကြိုးပမ်းအားထုတ်ပေးကြဖို့ တိုက်တွန်းပြော ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။” ဟု ပြည်ထောင် စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *