Thabeik Kyin News

0 0
Read Time:2 Minute, 3 Second

သပိတ်ကျင်းမြို့နယ်တွင်း၊ တွင်းငယ်ရဲစခန်းသိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံများကို ABSDF ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၇

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံများကို ABSDF က ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင်ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာရှိ ရဲအုပ် ကျော်ဝဏ္ဏထွန်း (စခန်းမှူး) ဦးစီးသော ရဲ အင်အား (၉) ဦးရှိသည့် တွင်းငယ် ရဲစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံး ကွပ်ကဲ၍ အမှတ် (၅၀၉) တပ်ရင်း၊ KIA/KPDF၊ ABSDF နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရကာ ၂ ဦး ဖမ်းဆီးရမိကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သား ၂ ဦး ပျောက်ဆုံးနေပြီး ၎င်းတို့ထံမှ လက်နက်ငယ် ၉ လက်၊ ကျည်မျိုးစုံ ၁၁၀၃ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ် ၁၉ ခု၊ Equipment ၅ ခု၊ ကျောပိုးအိတ် ၂ လုံး၊ ခါးပတ် ၁ ခု၊ ဘေးအိတ် ၃ လုံး၊ ဦးထုပ် ၂ လုံး၊ စကားပြော စက် ၂ လုံး၊ လက်ကိုင်ဖုန်း ၆ လုံး၊ keypad ဖုန်း ၂ လုံး တို့ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းကို အထူးလှုပ်ရှား တပ်ရင်း-၃ နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့က ဝင်ရောက်စီးနင်း သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၁၃ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ ကျည်အိမ် ၂၈ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *