Pakokku News

0 0
Read Time:3 Minute, 2 Second

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၆

 

မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဩဂုတ်လ ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ကမ္မမြို့ဘက်သို့ ထွက် လာသည့် အကြမ်းဖက်စစ်သား အင်အား ၇၀ ခန့်စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ် ၂ စီးကို ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးအရောက် အသင့် ထောင်ထားသော မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၂၂ ဦးခန့် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် အ ကြမ်းဖက်စစ်သားများ အသုံးပြုသော ကာဘိုင်ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၆ တောင့်၊ MG 1 လက် ပစ်ဗုံး ၂ လုံး၊ G3 ကျည် ၄ တောင့်၊ ၅.၅၆ ကျည် ၇ တောင့်၊ အီကွက်မန့် ၁ ခု နှင့် ဂွရှင် ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra နှင့် PKU Thurain တပ်ခွဲတို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြိုင်မြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးလာပါက အသင့်တိုက်ခိုက်ရန် တိုက်မိုင်း၊ နင်းမိုင်း၊ ဆွဲမိုင်း များပြင်ဆင်ထားကြောင်း သိရသည်။

 

မြေပြင်မှ စစ်ကူ၊ ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိသော အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၅ ရက် နေ့နှင့် ယနေ့ ဩဂုတ်လ ၆ ရက်နေ့တို့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းမှ Mi 35 ၊ ဂျက်ဖိုက်တာ၊ Y 12 ၊ SU 30 လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း လုပ် ဆောင်ခဲ့ကြောင်း မြိုင်ပကဖ ကပြောဆိုသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားတစ်စီးပျက်စီးပြီး ကျန်ကားတစ်စီးမှာ ပခုက္ကူမြို့နယ် ၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးကျေးရွာများသို့ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲ သေဆုံး စစ်သားများနှင့် ဒဏ်ရာရ စစ်သားများ တင်ဆောင်ကာ ပခုက္ကူမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွား ကြောင်းနှင့် မိုင်းထိပျက်စီးသော ကားမှာ နေရာမှာ ကျန်ရှိနေခဲ့သေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *