CDM News

0 0
Read Time:4 Minute, 39 Second

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကို ဖမ်းဆီးဖယ်ရှားပြီး တပ်မတော်နှင့် နိုင်ငံ၏အနာဂတ်ကို ကယ်တင်ရန် ပြည်သူ့ပန်းတိုင်း၊ ပြည်သူ့ရင်ခွင်နှင့် ပြည်သူ့ စစ်သားဇနီးများက တိုင်းမှူး၊တပ်မမှူးများနှင့် စကခမှူးများကို တိုက်တွန်း

 

D Day News

ဩဂုတ်လ ၆

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကို ဖမ်းဆီးဖယ်ရှားပြီး တပ်မတော်နှင့် နိုင်ငံ၏အနာဂတ်ကို ကယ်တင်ရန် ပြည်သူ့ပန်းတိုင်း၊ ပြည်သူ့ရင်ခွင်နှင့် ပြည်သူ့ စစ်သားဇနီးများက တိုင်းမှူး၊တပ်မမှူးများနှင့် စကခမှူးများကို ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်း လိုက်သည်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာရူးသွပ်မှု နှင့် ဖိနှိပ်ရက်စက်မှုများကြောင့် ပြည်သူ့လက် နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော တပ်မတော်သားများ အပါ အဝင် တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအထိ ကျဆုံး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများနှင့် မိမိ ကိုယ်ကိုသတ်သေမှုများထိ တွေ့ကြုံနေရပြီ ဖြစ်ကြောင်း CDM စစ်သားအစုအဖွဲ့က ပြောကြားသည်။

ထို့အတူ လောက်ကိုင်မြို့တိုက်ပွဲများအတွင်း နောက်ဆုံးအချိန်ထိ ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကူ မရသည့်အတွက် လက်နက်ချခဲ့ရသည့် စစ်အရာရှိကြီးများကိုလည်း မင်းအောင်လှိုင်က စစ်ရှုံးနိမ့်မှု တရားခံများအဖြစ် သတ်မှတ်အပြစ်ပေးအရေးယူပြီး သေဒဏ်၊ တသက်တကျွန်းဒဏ် အထိ ပြင်းပြင်း ထန်ထန် ချမှတ်ခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် နိုင်ငံအနှံ့ကြုံတွေ့ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများနှင့် ဆက်စပ် ပြီး တိုင်းမှူးများအပါအဝင် စစ်အရာရှိကြီးများစွာကိုလည်း အမှုအမျိုးမျိုးခေါင်းစဉ်တပ် ဖမ်းဆီး၍ ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

 

လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် တပ်မတော်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အလွန်အကျွံ ကိုယ်ကျိုးရှာအသုံးချမှု၊ အာဏာရူးသွပ်မှုများကြောင့် တပ်တွင်း မကျေနပ်မှုများ၊ စစ် ရေး အထိနာ ရှုံးနိမ့်မှုများ ကြီးမားလာနေပြီး တပ်မတော်သည် ချိနဲ့ပြိုလဲစပြု လာနေပြီ ဖြစ်ကြောင်း၊  ထို သို့ နိုင်ငံတော်နှင့် တပ်မတော်ကို ချနင်းဖျက်ဆီးနေသော အာဏာရူး စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ လက်အောက်တွင် မည်သည့် စစ်အရာရှိကြီးများမှ အသက်၊ ရာထူး၊ စည်းစိမ်၊ မိသားစု အနာ ဂတ်လုံခြုံမှု အာမခံချက် ရှိနိုင်မည် မဟုတ်တော့ကြောင်း CDM စစ်သားမိသားစုများက ပြောကြား သည်။

 

လက်ရှိ တွေ့ကြုံရင်ဆိုင်နေရသည့် အခြေအနေအရပ်ရပ်ကို အချိန်မီ ရပ်တန့်ဖြေရှင်းနိုင်ရန် စစ် ကောင်စီတပ်မှ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ဆက်သွယ်ပူးပေါင်း၍ အောက်ပါ လက်ငင်း တာဝန်များ အား အတူလက်တွဲဖော်ဆောင်ပါရန် တောင်းဆိုတိုက်တွန်းထားသည်။

 

ထိုသို့ ဖော်ဆောင်ရာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများအား ဖမ်းဆီးဖယ်ရှားပြီး တပ်မတော် နှင့် နိုင်ငံတော်၏ အနာဂတ်ကို ကယ်တင်ရန်၊ ဒီမိုကရစီ စံနှုန်းများ နှင့်အညီ အရပ်ဘက်ကွပ်ကဲမှုကို လေးစားလိုက်နာပြီး တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး မူလ တာဝန်ကိုသာ ထမ်းဆောင်ရန်နှင့် လူမျိုးပေါင်းစုံတို့၏ အကျိုးစီးပွားနှင့် ဖြစ်တည်မှုများကို လေးစား အသိအမှတ်ပြုသည့် ပြည်သူလူထုလိုလားနေသော ဖက်ဒရယ်တပ်မတော်တရပ် ပေါ်ပေါက်ရေး ဦး တည်၍ ပြုပြင် ပြောင်းလဲရန် တိုက်တွန်းတောင်းဆိုထားသည်။

 

အဆိုပါ တိုက်တွန်းတောင်းဆိုချက်ကို ပြည်သူ့ရင်ခွင်၊ ပြည်သူ့စစ်သားဇနီးများ နှင့် ပြည်သူ့ပန်းတိုင် အဖွဲ့ ၃ ဖွဲ့က တိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *