Taung Tha News

0 0
Read Time:3 Minute, 40 Second

မြင်းခြံ -တောင်သာလမ်းပိုင်း၌ PDF တပ်ဖွဲ့ဝင်များ လမ်းပိုင်းစစ်ဆေးစဉ် တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၆

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်း၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးစဉ် တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

 

ဩဂုတ်လ ၃ ရက် နံနက် ၆ နာရီမှ စ၍ တောင်သာမြို့နယ်၊ မြင်းခြံ -တောင်သာလမ်းပိုင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ တောင်သာမြို့မှ အကြမ်းဖက်စစ်သား များ ထွက်လာခဲ့ပြီး‌ တောင်သာမြို့မြောက်ဘက် ကျောက်ခွဲစက်၌ အထိုင်ချကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေသည့် ဘက်သို့ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ထို့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ် မီတာ ၇၀ အထိ ချဉ်းကပ်ကာ ကျောက်ခွဲစက်၌ အထိုင်ချနေသည့်အကြမ်းဖက်စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရ သည်။

ထို့နောက် အဆိုပါ ကျောက်ခွဲစက်မှ အကြမ်းဖက်စစ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ စစ်ဆေးရေးလုပ်ဆောင်နေသည့် ဘက်သို့ ထပ်မံ စစ်ကြောင်းထိုးလာခဲ့သဖြင့် ကင်းပုန်းဝပ် နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ လမ်းပိုင်းစစ်ဆေးတော့ တောင်သာမြို့ထဲက ကျောက်ခွဲစက်ဘက်ကို ထွက်လာပြီး အ ထိုင်ချ ကျနော်တို့စစ်ဆေးတဲ့ဘက်ကို လက်နက်ကြီးနဲ့ ၂ လုံးထုတယ်။ အဲဒါနဲ့ ၄၀ မမ နဲ့သွား ပစ်တာ၊ ပြီးတော့ စစ်ကြောင်းထပ်ထွက်လာတဲ့ ကျနော်တို့လုံခြုံရေကင်းပုန်းနဲ့ ထပ်ပြီးထိတွေ့တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲက ၁၀ မိနစ်၊ ၁၅ မိနစ်လောက်တော့ကြာခဲ့တယ်။ လမ်းပိုင်းစစ်ဆေးတော့ ၂ ဦးတော့ ဖမ်းမိခဲ့ တယ်။ တစ်ဦးပဲ ပျူဆိုပြီးအတည်ပြုလို့ရတယ်၊ ကျန်တဲ့တစ်ဦးကတော့ အတည်ပြုမရသေးဘူး” ဟု မြင်းခြံခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုအတွင်း ကျန်နေခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဆိုင် ကယ် ၅ စီးနှင့် ပြည်သူပိုင် မြေဆီရုံတစ်ခုကို အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

အဆိုပါ လမ်းပိုင်းစစ်ဆေးခြင်း၊ အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခြင်းတို့အား မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း နှင့် တောင်သာမြို့နယ် ကပဖ အဖွဲ့ဝင်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *