Story

0 0
Read Time:4 Minute, 29 Second

အဆုံအထိ မိုက်လုံးကြီးမယ့် မင်းအောင်လှိုင်

 

အယ်ဒီတာ့အာဘော်

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ဘဝတစ်သက်စာ အာဏာတည်မြဲရေးအတွက် မတရားမှန်းသိသိကြီးနဲ့ အာဏာသိမ်းလိုက်သလို အဆုံးအထိ မိုက်လုံးလုံးကြီးကြီးနဲ့ အဆုံးအထိသွား မှာဖြစ်ပါတယ်။

 

“မလုပ်ရဲတာ ဘာမှမရှိ” ၊ “ခေတ်ပြောင်းအောင် ခေါင်းကိုပစ်” ဆိုပြီး ပြည်သူလူထုအပေါ် ရက်စက် ယုတ်မာနည်းနဲ့ အာဏာသိမ်းမှုဆန့်ကျင်ခဲ့တဲ့ပြည်သူလူထုကို ခြိမ်းခြောက်အကြမ်းဖက်ခဲ့တဲ့ စစ်တပ် အရာရှိကြီးတွေဟာလည်း အကျိုးစီးပွားတွေနဲ့ ကွန်ယက်ဆက်ထားတာဖြစ်လို့ ပြောင်းလဲလာဖို့ဆို တာမရှိပါဘူး။

 

နွေဦးတော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ပြည်သူလူထုအနေနဲ့ကတော့ နွေဦးတော်လှန်ရေးအဆုံးအထိ သွားဖို့ ဆုံးဖြတ်ထားပြီးသားအတွက် ပြောစရာလိုမပေမယ့် မင်းအောင်လှိုင်ရဲ့ မိုက်လုံးကြီးကြီးနဲ့ အဆုံးအထိသွားမယ့်အပေါ် မိသားစုတွေ၊ အသက်တွေစတေးခံနေရတဲ့ လက်အောက်ငယ်သားတွေ အနေနဲ့ကတော့ စဉ်းစားပြီး အမြန်ဆုံးနည်းနဲ့ ရုန်းထွက်နိုင်မှသာ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

 

လားရှိုးက တိုင်းစစ်ဌာနချုပ်ကြီးသိမ်းပိုက်ခံရပြီး ပြည်သူကို မိန့်ခွန်းပြောမယ်ဆိုလို့ ဘာတွေများ အပြောင်းအလဲလုပ်မလဲဆိုပြီး စိတ်ကူးနေကြတဲ့ မင်းအောင်လက်အောက်က ရုန်းမထွက်နိုင်ကြသေး တဲ့ လက်အောက်ငယ်သားတွေအနေနဲ့ သူ့မိန့်ခွန်းကို ကြားပြီးလောက်ပါပြီ။

အကျိုးစီးပွားယှက်နေတဲ့၊ အာဏာရှင်တွေရဲ့ မသထာရေစာစွန့်ကြဲပေးကမ်းစာလေး ရနေတဲ့ လူတစ် စုကလွဲလို့ မည်သူတစ်ဦးတစ်ယောက်မျှ ထောက်ခံခြင်းမရှိတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်း အောင်လှိုင်ကို မစို့မပို့ရမယ့် စွန့်ကြဲပေးစာလေးမျှော်လင့်ပြီး စတေးခံနေတဲ့ အောက်ခြေစစ်သားတွေ အနေနဲ့ ဒီလောက်ဆိုရင်တော့ သဘောပေါက်ကြဖို့ပဲ တိုက်တွန်းပါရစေ။

 

တူးမီးနဲ့စပြီးတော်လှန်ရေးစခဲ့တဲ့ ပြည်သူလူထုအတွက်ကတော့ လက်နက်အင်အား၊ လူအင်အား၊ စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝလာပြီဖြစ်လို့ ကျရှုံးစရာမရှိသလို မကြာမီအချိန်အောင်ပွဲအဆုံး သတ် ကြ တော့မှာဖြစ်ပါတယ်။

 

မင်းအောင်လှိုင်အနေနဲ့ ဘယ်လိုပင်သွေးခွဲ၊ သွေးခွဲ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ သွေးကွဲစရာ မရှိတော့သလို ဒီအချိန်မှာ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ် ချေမှုန်းရေး တိုက်ခိုက်နေသူ မည့်သူ့ကို မဆိုအားပေးထောက်ခံနေကြမှာပါ။

 

ဒီအချိန်ဒီကာလမှာ ညီနောင်မဟာမိတ်တွေပဲ ဦးဆောင် ဦးဆောင် ဘယ်သူပဲ ဦးဆောင်ပါစေ ညီညီ ညွတ်ညွတ်နဲ့ နောက်လိုက်ကောင်းပီသစွာ အားပေးထောက်ခံကူညီနေမယ်ဆိုတာ ပြေပါရစေ။

 

အခုဆိုရင် မင်းအောင်လှိုင်ကျွန်တွေဖြစ်တဲ့ ထားရာနေ စေရာသွား ငယ်သားတွေကို ကြောက်ရွံ့ တုန် လှုပ်နေရတဲ့အထိ ခြိမ်းခြောက်နိုင်ခဲ့ရုံသာ မက တိုင်းစစ်ဌာနချုပ်တစ်ခုကိုပင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါ တယ်။

 

ဒီလိုအောင်မြင်မှုတွေဟာ တစ်တိုင်းပြည်လုံးက ပြည်သူလူထုရဲ့ ညီညီညွတ်ညွတ်နဲ့ ခုခံတွန်းလှန် တိုက်ပွဲကြောင့်သာ အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။

 

တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းကြောင့်မဟုတ်ပါဘူး။ အဖက်ဖက်ကနေ ဝိုင်းဝန်းပိတ်ဆို့ဖြတ် တောက်ထားနိုင်ခဲ့တဲ့အတွက် လွယ်လင့်တကူ စစ်ကူမသွားမလာနိုင်တော့တဲ့ စစ်တပ်က ကျဆုံးနေပြီ ဖြစ်ပါတယ်။

 

ဒါကိုပင် မင်းအောင်လှိုင်အနေနဲ့က မိုက်လုံးကြီးစွာနဲ့ တစ်တိုင်းပြည်လုံးအေးချမ်းအောင် လုပ်ဆောင် သွားမယ်လို့ ပြောနေခြင်းဟာ “သူ့ကိုယ်သူ အောင်ကျော်မိုးလို ဆူဆိုက်လုပ်သွားဖို့ တွေးပြီးပြောနေ သလား” စဉ်းစားစရာ။

မိုးထက်ဇော် (ပုံတောင်သား)

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *