Karenni News

0 0
Read Time:3 Minute, 43 Second

ရှမ်းမြောက်၊ ရခိုင်နှင့်မန္တလေးတိုင်းစစ်ရေးအောင်မြင်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင့် KA ၊ KNDF တို့ပါဝင်သည့် ကရင်နီပြည်တပ်ပေါင်းစုံက ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်း စစ်ရေးအောင်မြင်မှုများကို ဝမ်းမြောက် ဂုဏ်ယူပါကြောင်း KA ၊ KNDF တို့ပါဝင်သည့် ကရင်နီပြည်တပ်ပေါင်းစုံယမန်နေ့ ဩဂုတ် လ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

 

ဩဂုတ်လ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ် ဌာန ချုပ်(ရမခ)အား မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများ စု ပေါင်း၍ အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်ခြင်းကို ကရင်နီပြည်တပ်ပေါင်းစုံတို့မှ အားရဝမ်းသာဂုဏ် ယူပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်နိုင်မှုအပါအဝင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းများအထိ စစ်ရေးအောင်မြင်မှုများအပေါ် ကရင်နီပြည်နယ်တပ်ပေါင်းစုံမှ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ဆက်လက်ဖော်ပြထားသည်။

 

၁ဝ၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၏ တနေ့ထက်တနေ့ စစ်ရေးအရှိန်အောင်မြင်မှုသည် စုပေါင်းအင်း အား၏ တက်ညီလက်ညီ စည်းလုံးမှု အကျိုးဆက်ဖြစ်သည့်အပြင် MNTJP ၏ စစ်ရေးမဟာဗျူဟာ ပြောင်မြောက်မှုကြောင့် စစ်ကောင်စီတပ်စခန်းများ အလီလီကျရှုံးခဲ့ရခြင်းဖြစ်ကြောင်း ကရင်နီပြည် တပ်ပေါင်းစုံက ပြောကြားသည်။

 

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်လျှောက်ရန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူလူထု၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ထုတ်ပြန် ကြေညာ ထားသည့်အပေါ် အားရယုံကြည်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုက်တက် ရေးကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ပါစေကြောင်း ကရင်နီတပ်ပေါင်းစုံမှ ဆန္ဒပြုထားသည်။

 

ကရင်နီတပ်ပေါင်းစုံအနေဖြင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်သစ်ပေါ်ထွန်းရေးအတွက် ကျရာနေရာမှ ပြည်သူလူထုတရပ်လုံး မျှော်မှန်းလျက် ရှိသော စစ်ရေး ၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို ဟန်ချက်ညီစွာဖြင့် အတူတကွ ဆက်လက်တိုက် ဝင် ရင်း ရှမ်းပြည်နယ်မြောက်ပိုင်း တော်လှန်ရေး အင်အားစုများ၏ စစ်ရေးအောင်ပွဲကို ဂုဏ်ပြုအပ်ပါ ကြောင်း ထုတ်ပြန်ထားသည်။

 

ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးကော်မတီကို ကရင်နီပြည် တပ်မတော် (Karenni Army)၊ ကရင်နီ ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF/KNPLA) ၊ ကရင်နီအမျိုးသား သွေးစည်း ညွတ်ရေးအဖွဲ့ (KNSO/KNSA) ၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( DMO- local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *