Hunman Right News

0 0
Read Time:6 Minute, 37 Second

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူ၂၉၃ ဦးရှိ

 

D Day News

ဩဂုတ်လ ၅

 

 

အကြမ်းဖက်စစ်ကောင်စီတပ်က ဇူလိုင်လ အတွင်း၌ မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ စစ်ကြောရေးတွင် သတ်ဖြတ်ခြင်း အပါအဝင် နည်း လမ်းမျိုးစုံဖြင့် သတ်ဖြတ် ခြင်းခံခဲ့ရသည့် ပြည်သူ ၂၉၃ ဦးရှိကြောင်း Spring Revolution Database (SRD)က အစီရင်ခံစာ ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ နည်းလမ်းမျိုးစုံဖြင့်သတ်ဖြတ်မှု ကြောင့် အရပ်သား ပြည်သူ ၂၉၃ ဦး သေဆုံးခဲ့ပြီးအဓိက သေဆုံးရသည့်အကြောင်းအရင်းမှာ လက် နက်ကြီးထိမှန်မှုကြောင့် ၁၃၂ ဦး၊ လေကြောင်းတိုက် ခိုက်မှုကြောင့် ၇၃ နှင့် အကြမ်းဖက်စစ် ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားသော တိုက်ပွဲများတွင် အရပ်သားပြည်သူ (၇)ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ (၂၅)ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃ ရက်နေ့တွင် တနင်္သာ ရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီ ကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာ၌ အရပ်သားပြည်သူ ၄ ဦးကို ဖမ်း ဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရခိုင်ပြည် အနောက်ဘက်နယ်စပ်မြို့ မောင်တော၊ ရွှေဇား‌ကျေးရွာအုပ်စု၊ အောင်ဗ လ (ရခိုင်)ရွာမှ ဒေသခံ ရွာသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာရှိ အရပ်သားပြည်သူ ၆ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မျှစ်သွားချိုးရန် ထွက်သွားသည့် ဘူးသီးတောင်မြို့ နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်နေသည့် ခမီလူမျိုး အရပ်သား ပြည်သူ ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့ တွင် အကြမ်း ဖက်စစ်ကောင်စီတပ် သည် မောင်ကျော်လင်းအောင် ၂၄ နှစ်၊ မောင်အောင်ငွေဦး ၂၉ နှစ်၊ ဦးအောင်ဝင်း ၅၇ နှစ်တို့ ၃ ဦးကို ဖမ်းဆီးပြီး လက်ပြန် ကြိုးတုပ်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရှိရ သည်။

Photo -မကွေးတိုင်းအတွင်းတနေရာတွင် တိမ်းမှောက်နေသာ စစ်ကားတစ်စီးနှင့် အကြမ်းဖက်စစ်သားများ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုဒိမ်းမှုများ ကျူးလွန် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာရှိ အသက်မပြည့်သေးသည့် မိန်းကလေးငယ်တဦး ကို ဇူလိုင်လ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးမှ မုဒိမ်းကျင့်ခဲ့သည်ကို CDF Civic Defense Militia – Siyin က ထုတ်ပြန်ခဲ့ကြောင်း၊ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမ ရွာအုပ်စုတွင် စခန်းချနေသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အိုရင်းကျေး ရွာရှိ မဖြူစင်ဝင်း ၃၀ နှစ်ကို ဇူလိုင်လ ၇ ရက်နေ့တွင် အဓ္ဓမပြု ကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရ သည်။

 

နိုင်ငံရေးအကျဥ်းသား သတ်ဖြတ်ခံရမှုအနေဖြင့် မကွေးတိုင်း သရက်အကျဥ်းထောင်တွင် အကြမ်း ဖက်ပုဒ်မ ၅၂ (က)/ ၅၁(ဂ) တို့ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ထောင် ဒဏ် ၁၁ နှစ် ဖြင့် မတရားအပြစ်ပေးခြင်းခံထားရသည့် အသက် ၃၉ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီ သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၂၇ ရက်နေ့တွင် သွေးတိုးရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကျဆုံးသွား ကြောင်း သိရသည်။

 

စစ်တပ်က စစ်ကြောရေးတွင်သတ်ဖြတ်မှုအနေဖြင့် ဇူလိုင်လ ၈ ရက်နေ့တွင် ရေစကြိုမြို့ အမှတ် ၁ ထင်းတန်းရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကို အကြမ်း ဖက်စစ်ကောင်စီတပ်က လာ ရောက်ဖမ်းဆီးရာ သူမကို မတွေ့၍ ၎င်း၏သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်ဝဏ္ဏအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေးတွင်သတ်ဖြတ်ကာ ရုပ်အလောင်းကို ဇူလိုင်လ ၉ ရက်‌နေ့တွင် ပြန်ပေးခဲ့ကြောင်း သိရှိရသည်။

 

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် ၁/ ဂ တန်းမှ ဦးအလုံးနှင့် ဒေါ်ကုလား မစိန်တို့၏ သား ဦးဆိုးဖေ ၃၈ နှစ်သည် ဇူလိုင်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေး စခန်း၌ ညှဥ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင်ဖမ်းဆီးခံရ သည့် ဦးချစ်သွယ်သည် ဇူလိုင်လ ၂၄ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်မှုထမ်းသင်တန်းများတွင် အကြမ်းဖက်စစ်တပ်၏သတ်ဖြတ်မှုအနေဖြင့် ဧရာဝတီတိုင်း၊ လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းသစ်ကျေးရွာတွင် နေထိုင်သည့် ဝေယံထက် ၁၉ နှစ်ကို စစ်မှု ထမ်းသင်တန်းမှ ထွက်ပြေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပစ်သတ်ခဲ့ကြောင်ု သိရသည်။

 

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများအနေဖြင့် ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပျူစောထီး ခေါင်းဆောင် လှခိုင်၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ ဝင်များသည် ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် စိတ်ရောဂါ ခံစားနေရသည့် ကိုပြားကြီးကို PDF တပ်ဖွဲ့ ဝင်ဟု စွပ်စွဲပြီး ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *