Thaung Tha News

0 0
Read Time:2 Minute, 27 Second

တောင်သာမြို့မှ ကား ၃ စီးဖြင့် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး ၊ ကားတစ်စီးပျက်စီး

 

D Day News

ဩဂုတ်လ ၅

 

မန္တလေးတိုင်း၊ တောင်သာမြို့မှ ကား ၃ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ ထံမှ သိရသည်။

 

ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၁ နာရီခန့်က တောင်သာမြို့မှ အကြမ်းဖက်စစ်သား ၆၀ ခန့်လိုက်ပါလာ သော ကား ၃ စီးကို တောင်သာကြီး – ရုံးစင်ကြီး လမ်းမပေါ်တွင် တောင်သာမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အလယ်ကားထိကို ထိမှန်ခဲ့ပြီး ကားပျက်စီးသွားကြောင်း၊ ယင်းကားပေါ်လိုက်ပါလာသည့် အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“တောင်သာကနေ ရုံးစင်ကြီး – မလှိုင် -မိတ္ထီလာဘက်ကို သွားတာ။ အကုန်လုံးဆိုရင် ၆၀ လောက် ပါတယ်၊ ထိတဲ့ကားကတော့ အဲနားတင်ထိုးရပ်နေတာ။ ညနေပိုင်းလောက်ကျမှ အင်အားဖြည့် ပြီး လာဆွဲသွားတာ။ သေတာ ၃ ဦးသေတာ၊ ထိခိုက်တာတော့များတယ်၊ နာရေးကားတွေနဲ့ တောင်သာ ဆေးရုံထဲကို သယ်သွားတာ။ ရှေ့ဆုံးတစ်စီးကတော့ ရုံးစင်ဘက်ကို ဆက်မောင်းပြေးတာ၊ နောက် ကတစ်စီးက နောက်ပြန်လှည့်ပြေးတာ။ တောင်သာကို ပြန်ပြေးတာ၊ ရှေ့စီးနဲ့နောက်စီးပဲ လျှောက် ရမ်းပစ်တာရှိတယ်၊ မိုင်းထိတဲ့ကားကတော့ ပြန်မပစ်နိုင်ဘူး” ဟု တောင်သာမြို့နယ် ပကဖ မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော ကားကို တောင်သာမြို့မှ အကြမ်းဖက်စစ်သား အင်အား အများအပြားဖြင့် လာရောက်ပြီး ရုံးစင်ကြီးရွာဘက်သို့ ဆွဲယူသွားကာ သေဆုံးဒဏ်ရာရ စစ်သားများ ကို နာရေးကားများဖြင့် တောင်သာမြို့နယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *