Mandalay PDF News

0 0
Read Time:5 Minute, 10 Second

“ရဲတပ်ဖွဲ့သွေးကို ပြသသည့်အနေဖြင့် နောက်ဆုံးချိန်အထိ ခုခံသွားမည်” ဟု စစ်ကောင်စီလော်ဘီ များ၏ ဝါဒဖြန့်ဖြန့်ချိခံရသူက လက်နက် ၃ လက်ယူဆောင်ပြီး မန္တလေး PDF ထံ အလင်းဝင် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၄

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံစခန်းမှ ရဲကင်းစခန်းမှ ရဲတပ်သားအောင်မိုးသူသည် ရဲတပ် ဖွဲ့ သွေးပြသသည့် အနေဖြင့် နောက်ဆုံးချိန်အထိ ခုခံသွားမည်” ဟု စစ်တပ်လော်ဘီချန်နယ်များက ဝါဒ ဖြန့်ချိခဲ့သော်လည်း ရဲတပ်သားအောင်မိုးသူမှာ လက်နက် ၃ လက်ယူဆောင်ပြီး မန္တလေး PDF ထံမှ အလင်းဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

ဇူလိုင်လ ၃၀ ရက်နေ့က စဉ့်ကူးမြို့နယ်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း နွယ်ရုံရဲကင်း စခန်းမှ ရဲတပ်သားအောင်မိုးသူ အမည်ဖြင့် မတရားတက် လုံးခံနေရပြီး ကျည်းအားနည်းနေကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သွေးကို ပြသသည့် အနေဖြင့် နောက်ဆုံးချိန်အထိ ခုခံသွားမည်ဟု ရဲစခန်းမကျခင်မီပြောသွားခဲ့ကြောင်း စစ်ကောင်စီ၏ လောဘီချန်နယ်များတွင် စကင်ရှော့များဖြင့် ဖြန့်ဝေခဲ့ကြောင်း မန္တလေး PDF က ရဲတပ်သားအောင်မိုးသူကို မေးမြန်းပြီး ထုတ်ပြန်ထားသည်။

 

“အွန်လိုင်းပေါ်မှာ ကျနော်တို့နာမည်ကြီးသုံးပြီး ပျံ့နှံ့နေတဲ့ကိစ္စက ကျနော်မဟုတ်ပါဘူးဆိုတာတော့ ယောက်ျားသစ္စာတစ်ယောက်အနေနဲ့ ဝန်ခံရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဲလိုအဆက်အသွယ် ကျနော့်မှာ မရှိပါဘူး။ပြီးတော့ ကျနော်လိုခပ်နိမ့်နိမ့်တစ်ယောက်အတွက် အရေးတယူလည်း ဖတ် ပြီးတော့လည်း တင်မှာ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်ကလည်းခေတ်ပညာ တတ်တစ်ယောက်ပါ၊ ဒီလိုမျိုးနာမည်ကြီးတပ်ပြီးတော့ မလုပ်ဘူး။ ဘာြဖစ်လို့လည်းဆိုရင် ကိုယ့်လည်ပင်းကိုကြိုးကွင်း မစွပ်ဘူး။ ဒီလိုမျိုးချပြဖို့ဆိုတာ မလုပ်ပါဘူး။ ပြီးတော့ ကျနော်ဖုန်းကလည်း ပျက်နေတာ။ ကျနော် တို့ရဲ့ FB အကောင့်ကလွဲရင် Viber ၊ Telegram ‌Password ကုဒ်တွေအစ ပေးထားရပါတယ်။ FB Password ကတော့ ကျနော်တို့က ဝိုင်းဝန်းကန့်ကွက်တဲ့အတွက် မယူတာ၊ ဒါတောင် FB နဲ့ Messenger ကို တစ်ပတ်တစ်ခါဝင်စစ်တယ်။ ပြီးရင် Gallery ထဲဝင်စစ်တယ်။ ဖျက်ထားတဲ့ ဓာတ်ပုံ တွေကို ဆော့ဝဲလ်တစ်ခုထည့်ပြီးတော့ ပြန်ယူတယ်။ Viber Telegram တွေ့ရဲ့ ကုတ်တွေ Password တွေက သူတို့ဆီမှာ ရှိတဲ့အတွက် အချိန်မရွေးဝင်လို့ရပါတယ်။” ဟု လက်နက် ၃ လက်ဖြင့် အလင်းခဲ့ သူရဲတပ်သားအောင်မိုးသူကပြောကြားသည်။

နွယ်ရုံရဲကင်းစခန်းတွင် စစ်သားများက ဦးဆောင်ပြီး စခန်းကျတော့မည်ကို ကြိုတင်သိရှိကြောင်း၊ ရဲ ၆ ဦးကို ဘန်ကာ ၄ လုံးပေးထားကာ လူစိမ်းမှန်သမျှပစ်ခတ်ရန်အမိန့်ပေးထားကြောင်း၊ ကိုယ့်လူမျိုး အချင်းချင်း ပစ်ခတ်တိုက်ခိုက်လိုစိတ်မရှိသဖြင့် ပစ်ခတ်ခံရခြင်းမရှိသည့်ဘက်မှ ထွက်လာခဲ့ရာ ထောင်ထားသည့် သေနတ် ၂ လက်နှင့် ကျည်ကာအင်္ကျီတစ်ထည်တွေ့ရှိသဖြင့် ယူဆောင်ကာ ထွက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဘယ်လိုပဲနေနေ စခန်းကျမယ်ဆိုတာလည်းခန့်မှန်းနိုင်တယ်။ ကျနော်စွန့်တဲ့အချိန်လည်း သိကောင်း သိနိုင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သေနတ် ၃ လက်လည်းယူသွားတာဖြစ်တဲ့အတွက်  ကျနော့် Telegram ၊ Viber ကုဒ်တွေရတဲ့သူတစ်ဦးဦးကလုပ်တယ်လို့ ထင်မြင်မိတယ်။ ကိုယ်လူမျိုး အချင်း ချင်း ပစ်ရတာ မကောင်းဘူးဆိုပြီး ကျနော့်ဖုန်းပြန်ရတဲ့အချိန်မှာပဲ မပစ်တဲ့ ဘက်ကနေ ထွက်လာ တာ။ ထွက် ထွက်ချင်း  ထောင်ထားတဲ့သေနတ် ၂ လက်တွေ့ရတယ်။ ဘာအတွက်လည်းမသိဘူး။ ကျည်မရှိလို့ သွားယူနေတာလား။ MA 1 တစ်လက်၊ G3 တစ်လက်တွေ့ရတာ၊ အဲဒါကြောင့်ထောင်တဲ့ သေနတ် ၂ လက်ရော၊ ကျနော်ကိုင်ဆောင်တဲ့ MA 1 တစ်လက်ရော ကျည်ကာ တစ်ထည်ရောယူပြီး ထွက်လာခဲ့တာ။” ဟု ရဲတပ်သားအောင်မိုးသူက ရှင်းပြသည်။

 

ရဲတပ်သားအောင်မိုးသူသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ပဲခူး တိုင်း၊ ပြည်မြို့နယ်၊ အမှတ် ၂ ရဲလေ့ကျင့် ရေးသင်တန်းကျောင်းမှ အခြေခံရဲတပ်သားသစ် သင် တန်းတက်ရောက်ခဲ့ပြီး အမှတ်၂၅ ရဲတပ်ရင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထို့ နောက် ၂၀၂၀ ခုနှစ်၊ ဇီဇင်ဘာလ ၂၅ ရက်နေ့တွင် လက်ပံလှနယ်မြေရဲကင်းစခန်းကို ရောက်ရှိကာ နွယ်ရုံရဲ ကင်းစခန်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *