Lasho News

0 0
Read Time:2 Minute, 56 Second

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် -ရမခ သိမ်းပိုက်ရရှိမှုအပေါ် ဂုဏ်ပြုကြိုဆို ကြောင်းနှင့် အာဏာရှင်စနစ်ဖယ်ရှားကာ ဖက်ရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက်အတူ ပူး ပေါင်းဆောင်ရွက်သွားမည် KNPP ၊ KNU ၊ CNF တို့ကပူးတွဲထုတ်ပြန်

 

D Day News

ဩဂုတ်လ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် – ရမခ သိမ်းပိုက်ရရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်းနှင့်အာဏာရှင်စနစ်ဖယ်ရှားကာ ဖက်ရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNPP ၊ KNU ၊ CNF တို့က ပူးတွဲ ထုတ်ပြန် ပြောဆိုလိုက်သည်။

 

ဩဂုတ်လ ၃ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အခိုင်အမာတည်ဆောက်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ အရှေ့မြောက်ပိုင်း စစ်ဌာနချုပု် – ရမခ ကို မြန်မာအမျိုးသား ဒီမို ကရက် တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက အောင်မြင်စွာဖြင့် သိမ်းပိုက်လိုက် သည့်အတွက် ညီနောင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော KNPP, KNU နှင့် CNF တို့ကလွန် စွာ အားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူပါကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၏ အောင်မြင်မှုများစွာအတွက် ဂုဏ်ယူအားရခြင်းဖြင့် အောင်ပွဲများ ဆက်လက် ရရှိရေးအတွက် ဆန္ဒပြုသလို မိမိတို့ညီနောင်တော်လှန်ရေးအဖွဲ့များကလဲ ဟန်ချက်ညီစွာ ဖြင့် အာဏာသိမ်း စစ်တပ်များ ပြိုလဲသည်အထိ ဆက်လက်တိုက်ပွဲဝင်ကြမည်ဟု သံန္နိဋ္ဌာန်ပြုပါ ကြောင်း အသိပေးထားသည်။

 

လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် -ရမခ အောင်ပွဲသည် စစ်ကောင်စီပြိုလဲ ရေး အတွက်မှတ်တိုင်တခုအဖြစ် အရေးပါသလို ဤစစ်ရေးအောင်ပွဲမှ တဆင့် စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး အတွက် နိုင်ငံရေးနှင့် စစ်ရေး ဟန်ချက်ညီသည့်လုပ်ငန်းစဉ်ဖြင့် ပြည်သူလူထု လိုလားတောင်းတ သော စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွတိုက်ပွဲဝင်ကြမည်ဖြစ်ကြောင်း KNPP ၊ KNU ၊ CNF တို့က ပူးတွဲသဘောထား ထုတ်ဖော်ကာ ဂုဏ်ပြုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *