Poem

0 0
Read Time:1 Minute, 24 Second

ကဗျာ ကဏ္ဍ “ကြောက်ပါဘိ”

 

ပျိုးကြဲလက်

 

ဥက္ကဌလည်း ၊ မျက်နှာမည်းနှင့်

ရင်ထဲကြောက်စိတ် ၊ တထိတ်ထိတ် ။

 

ဝန်ကြီးချုပ်လည်း ၊ မျက်နှာမည်းနှင့်

ရင်ထဲကြောက်စိတ် ၊ တထိတ်ထိတ် ။

 

သမ္မတလည်း ၊ မျက်နှာမည်းနှင့်

ရင်ထဲကြောက်စိတ် ၊ တထိတ်ထိတ် ။

 

ဘယ်နေ့ဘယ်ပုံ ၊ အကြောင်းဆုံက

ယမ်းပုံမီးကျ ၊ အာဏာပြ၍

အရူးကာချုပ် ၊ ထင်ရာလုပ်လျှင်

အချုပ်ထောင်ထဲ ၊ ဝဋ်ဆင်းရဲနှင့်

ညှဉ်းဆဲသည့်ဒဏ် ၊ ခံရမည် ။

 

အာဏာမသိမ်း ၊ စိတ်မယိမ်းဘဲ

ငြိမ်းချမ်းစေရာ ၊ စွမ်းဆောင်မှာဟု

လိမ်ညာပြောစေ ၊ ပြည့်သက်သေက

မျက်ရည်ချောင်းစီး ၊ သွေးချောင်းစီး ။

 

ပုံရိပ်ပေါ်ရာ ၊ ကြေးမုံသာ၌

ဘယ်ခါမဆို ၊ ကြောက်စိတ်ပို၍

ကိုယ့်ကိုယ်ကိုပင် ၊ မကြည့်ချင်ခဲ့

ကြည့်လျှင်ကြည့်ချင်း ၊ ကြေးမုံတွင်းဝယ်

ချက်ချင်းပေါ်လာ ၊ ကြောက်ဖွယ်ရာနှင့်

ကာချုပ်ကာချုပ် ၊ အရှင့်ရုပ်ဟု

ရိုတုပ်ကွရ ၊ လက်စွမ်းစကို

ဥက္ကဌလည်းကြောက်ပါဘိ ။

 

ဝန်ကြီးချုပ်လည်းကြောက်ပါဘိ ။

 

သမ္မတလည်းကြောက်ပါဘိ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ည ၁၁ နာရီ ၃ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *