TNLA News

0 0
Read Time:1 Minute, 59 Second

ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့ရှိ လက်ကျန်စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီ တပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဩဂုတ်လ ၂ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ၊ ၃၉ ရက်မြောက် နံနက် ၅ နာရီ ၄၅ မိနစ် အ ချိန်က ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာနှင့် ပတ္တမြား စေတီ အနီးတဝိုက်သို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၇ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အလားတူ ယနေ့ ဩဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် တပ်မဟာ(၂)နယ်မြေ နောင် ချိုမြို့နယ် သဲခေါ်ရွာသို့ စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Mi35 ဖြင့် (၁) ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုပြင် ယမန်နေ့ ဇူလိုင် ၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအနီးသို့  အကြမ်းဖက်စစ်ကောင်စီတပ်က Y12 ဖြင့် လက်နက်ခဲယမ်းများ (၂) ကြိမ် နှင့်  ဗုံး (၃၅)လုံး  လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *