MNDAA News

0 0
Read Time:1 Minute, 55 Second

လားရှိုးမြို့တွင် စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးအကျဉ်းချထားသော ပြည်သူတစ်ဦးကို MNDA ကယ် တင် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ မတရား ဖမ်းဆီး အကျဉ်းချထားသော ပြည်သူတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း NMDAA က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၆ ရက်နေ့က လားရှိုးမြို့တွင် ပန်းရံလုပ်နေသော အသက် ၂၄ နှစ်အရွယ် ကိုဇော်မျိုးအောင် နှင့် သူငယ်ချင်းဖြစ်သူ အိုက်လာ တို့သည် စစ်ဘေးကြောင့် ဒုက္ခရောက်နေသူများကို လိုအပ်သည့် ဆီ၊ ဆန် ဝေငှပေးရန် ထွက်လာစဉ် မိုးလုံ၊ လေလုံလမ်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများက အကြောင်း ပြချက်မရှိပဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် အာဏာသိမ်းစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ် သည်ဟု သံသယသဖြင့် ပါးစပ်ကို ဓားဖြင့် လှီးဖြတ်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့် ရိုက်နှက်ခြင်း တို့ ဖြင့် စစ်ဆေးခဲ့ရာ ကိုဇော်မျိုးအောင်၏ သူငယ်ချင်း သူငယ်ချင်း “အိုက်လာ”မှာ သေဆုံးသွားခဲ့ ကြောင်း၊  ကိုဦးဇော်မျိုးအောင်ကိုလည်း အကြိမ်ပေါင်းစွာရိုက်နှက်စစ်ဆေးပြီး အကျဉ်းချထားခဲ့ ကြောင်း သိရသည်။

 

MNDAA တပ်ဖွဲ့မှ လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက် စစ်သားများမှာ ကို ဇော်မျိုးအောင်ကို ပစ်ထားခဲ့ကာ ထွက်ပြေးသွားသဖြင့် MNDAA နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင် များက ကယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *