Singu News

0 0
Read Time:1 Minute, 27 Second

စဉ့်ကူးမြို့နယ်တွင် ဒုဗိုလ်မှူးကြီး အောင်မင်းကိုပါ ဖမ်းဆီးရရှိသူနှင့် လက်နက်ချသူ ၁၂၉ ဦးထံမှလက် နက် ၇၃ လက်နှင့် ခဲယမ်း သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း ဒုဗိုလ်မှူးကြီးအောင်ကိုမင်းအပါအဝင် ဖမ်းဆီးရရှိသူ၊ လက် နက်ချအညံ့ခံသူ ၁၂၉ ဦးထံမှ လက်နက် ၇၃ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မိုးကုတ် ဗျူဟာ အမှတ် ၁၂၂ တပ်ရင်းက ထုတ်ပြန်သည်။

 

စဉ့်းကူမြို့သိမ်းတိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီးအောင်မင်းကိုပါ ဖမ်းဆီးရရှိသူ၊ စစ်သား၊ ရဲ ၂၉ ဦးနှင့်

လက်နက်ချအညံ့ခံသူ ရေတော် ၊ ထုံးကြီး ရွာတဝိုက်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစော ထီးများထံမှ MA1 သေနတ် ၁၁ လက်၊ M22 သေနတ် ၁ လက်၊ ပါရီ သေနတ် ၁ လက် ၊ ကာဘိုင် သေ နတ် ၂၈ လက် ၊ လက်လုပ်သေနတ် ၃၂ လက်၊ ခဲယမ်း မီးကျောက်များ ၊ ကျည်ဆံများ နှင့် စစ်ဝတ် တန်ဆာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“ပျူတော်တော်များများက အလင်းဝင်တာပါ၊ အရေအတွက်က ၁၀၀ လောက်ရှိပါတယ်။ စစ်သား၊ ရဲ စုစုပေါင်းက ၂၉ ဦးပါ” ဟု မိုးကုတ်ဗျူဟာ အမှတ် ၁၂၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *