Oakphoe News

0 0
Read Time:2 Minute, 3 Second

အုတ်ဖိုတွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ဖြတ်တောက်ပြီး လာရောက်ပြင်ဆင်သည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၁၀ ဦးသေဆုံး

 

D Day News

ဧပြီလ ၂

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်ကြိုးကို ဖြတ်တောက်ပြီး လာရောက်ပင်ဆင်သည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက်နေ့ ည ၁၁ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးကို ဖြတ်တောက်ခဲ့ရာ ယနေ့ ဧပြီလ ၂ ရက် နံနက် ၉ နာရီခန့်တွင် ယင်းဆက်သွယ်ရေးကြိုးအား ပြင်ဆင်ရန် တိမ်မြုပ်ကျေး ရွာအခြေစိုက် ခမရ ၆ တပ်ရင်းမှ စစ်သား ၂၀ ခန့်ခြေလျင်ထွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထွက်လာသည့် အကြမ်းဖက်စစ်သားများ ပဒေသာမိုင်း ၁၀ လုံး ထောင်ထားသည့် မိုင်းကွင်း အတွင်းရောက်ရှိစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုသို့ ဒဏ်ရာရရှိသည့်စစ်သားများကို လူနာတင်ယာဉ် ၃ စီးဖြင့် လာရောက် သယ်ဆောင်သွားပြီးနောက် ၄ ဦးထပ်မံသေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *