Moe Meik News

0 0
Read Time:1 Minute, 37 Second

မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကာင်စီတပ်စခန်းများကို သိမ်းပိုက်ပြီး မြို့ကို TNLA ထိန်းချုပ်

 

နောင်ချို မြို့နယ် တွင် ဆက်လက်တိုက်ပွဲဖြစ်ပွား

 

D Day News

ဇူလိုင်လ ၃၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်း လိုက်ပြီး မြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အတည်ပြု ထုတ်ပြန်သည်။

 

ယဗန့ ဇူလိုင်လ ၃၁ ရက် နံနက် ၁၁ နာရီအချိန်တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ ၂၁ ၊ ခလရ ၊ ၃၄၈ မိုးမိတ်ဗျူဟာကုန်းအား တအာင်းတပ်မတော် TNLA မှ ရှင်းလင်းသိမ်းပိုက် ခဲ့ပြီး မိုးမိတ်မြို့နယ်ကို အလုံးစုံထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်လိုက်သော အကြမ်းဖက်စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် ဒိုးပင်ရွာကို Y12 လေယာဉ်ဖြင့် ဗုံးသီး ၅၉ လုံးကျဲချ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဇူလိုင်လ ၃၁ ရက် မွန်းတည့် ၁၂ နာရီ ၅ မိနစ်အချိန်တွင် တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ စစ်အင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မ တော် TNLA တို့ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *