Palaw News

1 0
Read Time:2 Minute, 10 Second

ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်သား၊ ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားသဖြင့် နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းနှင့်အသုံးအဆောင်များ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၃၁

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာသွားဖြင့် နယ်မြေဝင်ရောက်ရှင်းလင်းစဉ် လက်နက်ခဲယမ်းများနှင့်စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၉ ရက်နေ့က အဆိုပါ စခန်းမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် စခန်းစွန့်ခွာသွား ခြင်းဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၇ ၊ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်များမှ ပြန်လည်ထိန်းချုပ်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းများလုပ်ဆောင်စဉ် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်သားများဝင် ရောက်လာပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ အခြေချတပ်စွဲထားခြင်းဖြစ်ကြောင်း၊ ဂိတ်ဖွင့်ကာ ပြည် သူလူထုကို ငွေညှစ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းများစသည့် လမ်းသွားလမ်းလာပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေး သည့်အကြမ်းဖက်စစ်သားများဖြစ်ကြောင်းသိရသည်။

 

ထိုသို့ ပြည်သူလူထုကို နည်းမျိုးစုံ ဒုက္ခပေးနေသဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၇ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်များမှ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရိက္ခာလမ်းကြောင်း ပိတ် ဆို့ ဖြတ်တောက်ခံထားခဲ့ရာ ဇူလိုင်လ ၂၉ ရက်နေ့တွင် စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *