MNDAA News

0 0
Read Time:2 Minute, 48 Second

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံသားခြားသား ဝန်ထမ်းများကို ကာ ကွယ်စောင့်ရှောက်သွားမည် ဟု MNDAA ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၃၁

 

တရုတ်နိုင်ငံအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားသား ဝန်ထမ်းများကို ကာကွယ် စောင့်ရှောက်သွားမည်ဟု MNDAA က ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

 

MNDAA စစ်ရေးညွှန်ကြားရေးမှူးများအနေဖြင့်လွတ်မြောက်ရေးတိုက်ပွဲကြောင့် နိုင်ငံခြားရင်းနှီး မြှုပ် နှံမှုများ ပျက်စီးစေခြင်းအား ရှောင်ရှားရန် နှင့် အ မျိုးသားဒီမိုကရေစီ တော်လှန်ရေးတိုက်ပွဲများကို ဆင်နွှဲရာတွင် လွတ်မြောက်နယ်မြေအတွင်းရှိ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု နှင့် ဝန်ထမ်းများကို ကာကွယ် စောင့်ရှောက်နိုင်ရန်တို့အတွက် MNDAA စစ်ရေး ကော်မတီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ကောင်းမွန်စွာကာကွယ်ကြရန်၊ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံးနစ်နာမှုများကို အတတ်နိုင်ဆုံးတားဆီးထိန်းသိမ်းပေးရန် ၊ပြည်သူလူထု နှင့် နိုင်ငံခြားသားများ ၏ အသက်အိုးအိမ်စည်းစိမ်များကို အကာအကွယ်ပေးကြပါရန် MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ထို့အပြင် မဟာမိတ်အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာဆွေးနွေးပြောဆိုပြီး တရုတ်နိုင်ငံ၏ရင်းနှီး မြှုပ်နှံမှုနှင့် ဝန်ထမ်းများကိုထိခိုက်စေနိုင်သည့် လုပ်ဆောင်ရပ်များကိုဟန့်တားကြပါရန် နှင့် တရုတ် နိုင်ငံ၏ အကျိုးအမြတ်ကို ထိခိုက်စေသောလုပ်ဆောင်ရပ်များကိုတွေ့ရှိပါက MNDAA စစ်ရေးကော် မတီထံသို့ အချိန်မီ တင်ပြပြီး တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဌာနများနှင့် ချက်ချင်းဆက်သွယ်ကြပါရန် ဆက်လက် ထုတ်ပြန်ထားသည်။

 

စစ်မြေပြင်အတွင်း ပိတ်မိနေသောတရုတ်နိုင်ငံသားများကို အချိန်မှီကယ်ထုတ်ကြပါရန်နှင့် ဒဏ်ရာ ရရှိနေသောတရုတ်နိုင်ငံသားများ၊ အခက်အခဲနှင့်တွေ့ကြုံနေရသော သို့မဟုတ် ကုမ္ပဏီတိုက်ခိုက် ခံနေရသော တရုတ်နိုင်ငံသားများကို တွေ့ရှိပါက အတတ်နိုင်ဆုံးကူညီကယ်တင်ကြပါရန် MNDAA က ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *