Dawei District News

0 0
Read Time:2 Minute, 6 Second

ထားဝယ်၊ သရက်ချောင်းနှင့်လောင်းလုံးမြို့နယ်တို့တွင် ၆ လအတွင်း စစ်ဆင်ရေး ၂၄ ခုလုပ်ဆောင်ခဲ့ ပြီး စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ဟု လောင်းလုံးပကဖ ထုတ်ပြန်

D Day News

ဇူလိုင်လ ၃၀

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နှင့် လောင်းလုံးမြို့နယ်တို့တွင် ၆ လအတွင်း စစ်ဆင်ရေး ၂၄ ခုလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံး ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လအတွင်း လောင်းလုံးမြို့နယ် ပြည် သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ)မှ စစ်ဆင်ရေး ၂၄ ခု ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀၂ ကျော်သေဆုံးပြီး ၅၈ ဦးအထက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးများအတွင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ခွဲမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ တိုင်းပြည်အတွက်မြင့် မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေး များမှ မြိုပေါ် စစ်ဆင်ရေးအဖြစ် ထားဝယ်မြို့နှင့် လောင်းလုံးမြို့တို့တွင် ၅ ကြိမ် ၊ ဖြတ်တောက်စစ်ဆင်ရေး ၅ ကြိမ် ၊ ရေကြောင်းစစ်ဆင်ရေး၂ ကြိမ် ၊ အကြမ်းဖက် စစ်တပ် စခန်းများ ကို ထိုးစစ်ဆင် တိုက်ခိုက်မှု ၁၂ ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းစစ်ဆင်ရေးများအတွင်း သရက်ချောင်းမြို့နယ်အတွင်း ပူးပေါင်း စစ်ဆင်ရေးတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇ ဦး ၊ ထားဝယ်မြို့တွင်းနှင့် မြို့နယ် ပူးပေါင်း စစ်ဆင်ရေးတွင် အကြမ်းဖက် စစ်သား ၁၆ ဦး ၊ လောင်းလုံးမြို့နယ်အတွင်း စစ်ဆင်ရေးများတွင် အကြမ်းဖက်စစ်သား ၆၉ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *