UWSP News

0 0
Read Time:4 Minute, 35 Second

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး အချင်းချင်းတွေ့ဆုံညှိနှိုင်း ဖြေရှင်းကြရန် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၃၀

 

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး အချင်း ချင်းတွေ့ဆုံညှိနှိုင်း ဖြေရှင်းကြရန် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ က ဇူလိုင်လ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

 

၂ဝ၂၁ ခုနှစ် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ပွားသည့်အချိန်မှစ၍ “ဝ”ပြည်နယ်အနေဖြင့် မိမိ၏ သမိုင်း အတွေ့အကြုံနှင့် သင်ခန်းစာကိုယူပြီး “ဝ”ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကို စဉ်းစား၍ မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ခြင်းနှင့် စစ်မီး မမွေးခြင်းဆိုသည့် ဘက်မလိုက် မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု ဆိုသည်။

 

ထိုသို့ ရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့် ပြောင်းလဲသွားမည် မဟုတ် ကြောင်း၊ ဤမူဝါဒမှာ “ဝ” ပြည်နယ်တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့် ကိုက်ညီသည့်အပြင် မြန် မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့်လည်းကိုက်ညီကြောင်း “ဝ”ပြည်သွေး စည်းညီညွတ် ရေးပါတီက ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ် ငန်းများအသီးသီး ဆိုးရွားစွာ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော် လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း ဆက်လက်ပြောကြားသည်။

 

တိုင်းရင်းသားပြည်သူလူထုများမှ တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်မျှော်လင့်ပြီး စီးပွားရေး ပြန်လည် ကောင်းမွန်လာခြင်းနှင့် နေထိုင်မှုဘဝပုံမှန်လည်ပတ်လာစေလိုသည့် ဆန္ဒများ ပိုမိုပြင်းပြနေကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက ပြောကြားသည်။

 

စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက လူမှုရေးမျိုးနွယ်စုကြားအကွဲအပြဲ ပိုမိုနက်ရှိုင်းပြီး အ ချင်းချင်းရန်ငြိုးလည်း ပိုမိုမြင့်တက်ကာ မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြထားသည်။

 

ပဋိပက္ခဖြစ်ပွားနေသော အဖက်ဖက်အနေဖြင့် တစ်ဖက်တွင် ပြည်သူလူထုကို ကိုယ်စားပြု ကြေညာ ပြီး အခြားတစ်ဘက်တွင် ပြည်သူလူထုတို့ လိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံးဝမျက်ကွယ် ပြုခြင်း မလုပ်ရကြောင်း၊ အဖက်ဖက်တို့အနေဖြင့် မိမိတို့၏ အကျိုးရှုထောင့် တစ်ခုပေါ်သာရပ်တည် ပြီး ပြည်သူလူထု၏အကျိုးစီးပွားကို လျစ်လျူရှုခြင်းမပြုလုပ်ရကြောင်း ဆက်လက်ထောက်ပြပြော ဆိုသည်။

 

“ဝ” ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ပဋိပက္ခဖြစ်ပွားသော အဖက်ဖက်များကို အပြင်းအထန်ထိခိုက်သွားသော ပြည်သူတို့၏ စီးပွားရေးကို ပြန်လည်နလန်ထူ စေ ရန် နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုကို လုံခြုံရေး အားမခံချက်ရှိစွာ နေရပ်သို့ပြန်ရောက် စေ ရန် အတွက် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်း သွားကြရန် အလေးအနက်တိုက်တွန်းပါကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက ထုတ်ပြန် ထားသည်။

 

“ဝ” ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိ၏အင်အားဖြင့် ဆက်လက်ကြိုးပမ်း စွမ်းဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *