Natogyi News

0 0
Read Time:2 Minute, 3 Second

ရန်ကုန် -မန္တလေးအမြန်လမ်းပေါ်တွင် စစ်ကား ၃ ကို မိုင်းဆွဲ တိုက်ခိုက်မှု ကားတစ်စီ မီးလောင် ပျက်စီး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၃၀

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကား ၃ စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်သားအများအပြားသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီခန့်က မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်သား ၄၀ ခန့်လိုက်ပါလာသည့် စစ်ကား ၃ စီးကို ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် တနေရာတွင် မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီး မီးလောင်ပျက်စီးပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးသွားကြောင်း သိရသည်။

“မီးလောင်တဲ့ကားကတော့ အဲနားက ရွာမှာပဲ လောလောဆယ်အင်အား ၅၀ လောက်နဲ့ ကင်းပုန်းတွေ ချထားတယ်၊ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေနဲ့ ကျန်တဲ့ပစ္စည်းတွေကိုတော့ ကျန်တဲ့ကား ၂ စီးနဲ့ တင်ပြီး မိတ္ထီလာဘက်ကို ဆက်လက်ထွက်ခွာသွားပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွား ထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နွားထိုးကြီး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရှိန်မြှင့် တိုက်ခိုက် နေပြီဖြစ်သဖြင့် မိဘပြည်သူများမှ လက်နက်ခဲယမ်းများဝယ်ယူနိုင်ရန် ထောက်ပံ့ပါဝင်ကူညီပေးကြပါ ရန် မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *