Brotherhood Alliance News

1 0
Read Time:3 Minute, 37 Second

စစ်ရှုံးနေသော အကြမ်းဖက်စစ်စုက “တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံမှခွဲ ထွက်ပြီး နိုင်ငံသစ်ထူထောင်တော့မည်” ဟု တံဆိပ်တုံးများ အတုအပ ပြုလုပ်ကာ ဝါဒ ဖြန့်ချိနေ သူများကို ဖော်ထုတ် အရေးယူမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ သတိပေး

 

D Day News

ဇူလိုင်လ ၂၉

 

စစ်ရှုံးနေသော အကြမ်းဖက်စစ်အုပ်စုက “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ သည် နိုင်ငံမှ ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်တော့မည်” ဟူသော ခေါင်းစဉ်ဖြင့် တံဆိပ်တုံးများ အတု အပပြုလု်ကာ ဝါဒဖြန့်ချိနေသူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့ က သတိပေး ချက် ထုတ်ပြန်သည်။

 

အသိဉာဏ်မဲ့ပြီး အောက်တန်းကျသောပုဂ္ဂိုလ်တစ်ချို့က“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မည်” ဟူသော ခေါင်း စဉ် အပြင် အခြားသော ခေါင်းစဉ်များနှင့်လည်းကောင်း၊ ညံ့ဖျင်းလှသော တရုတ်ဘာသာအရေးအသား ဖြင့် လည်းကောင်း၊ တိကျမှန်ကန်မှု မရှိသောရေးပုံရေးနည်း၊ Photoshop တို့ဖြင့်လည်းကောင်း၊ ညီ နောင်မဟာမိတ် အဖွဲ့အစည်းများ၏ တံဆိပ်များကို အသုံးပြုပြီး ၁၀ စောင်ထက်မနည်းသော ထုတ် ပြန်ချက်များကို သတင်းအချက်အလက်အတုများဖြင့် ဆက်သွယ်ရေး လူမှုကွန်ရက်မှတစ်ဆင့် ထုတ် ပြန်ခြင်းများကို ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဤသို့ပြုလုပ် ရခြင်းမှာ တိုက်ပွဲတိုင်း အောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန်၊ မင်းအောင်လှိုင်ဦးဆောင် သော အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှူအနားယူခွင့် ရရှိစေရန်ရည်ရွယ်ပြီးလုပ် ဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်ပါကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

 

ထို့သို့ အသိဉာဏ်မဲ့၊ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေသောပုဂ္ဂိုလ် (သို့) အစု အဖွဲ့ (သို့) အဖွဲ့အစည်းများအား “မိမိတို့အဖွဲ့အစည်းအမည်၊ တံဆိပ်တုံး များကို အသုံးပြုပြီး သတင်း အချက်အလက်အတုများဖြင့် ဆက်တိုက်ထုတ်ပြန်နေခြင်းမှာ အီလက်ထရွန်နစ်ဥပဒေ နှင့်လူ့ဘောင် အဖွဲ့အစည်း စနစ်ကို ပြင်းထန်စွာချိုးဖောက်နေခြင်းဖြစ်ကြောင်း  ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိ ပေးထားသည်။

 

ထို့အပြင် ဆက်သွယ်ရေးလူမှုကွန်ရက်သည် ဥပဒေကင်းလွတ်သည့် နေရာမဟုတ်ပဲ ဆက်သွယ်ရေး လူမှုကွန်ရက် သည် memory ရှိသဖြင့် သတင်း အတုများကို ထုတ်ပြန်နေသောသူများ၏ IP address မှ တစ်ဆင့် စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ ထိုသို့တိုက်ခိုက်နေသောသူများ၏ အသိဉာဏ်မဲ့သောလုပ်ရပ် များကို နောင်တစ်ချိန်တွင် ရှာဖွေ ဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း” ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *