Yangon News

0 0
Read Time:1 Minute, 57 Second

လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပတ်ကင်းယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်

 

D Day News

ဇူလိုင်လ ၂၉

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ်မှတ်တိုင်ကြားတွင် အကြမ်းဖက် စစ်တပ် ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း GOD’S HAND FORCES အဖွဲ့ ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် လှိုင်သာယာမြို့နယ်၊ အဆင့်မြင့်မှတ်တိုင် နှင့် ဗိုလ်ချုပ်မှတ်တိုင် အကြား၌ အကြမ်းဖက် စစ်တပ်၏ ပတ်ကင်းယာဉ်တန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ထိခိုက်မှု ရှိ၊ မရှိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို GOD’S HAND FORCES အဖွဲ့ရဲဘော်များက အကြမ်းဖက်စစ်ကောင်စီ အနေ ဖြင့် မြို့ပြတွင် လုံးဝအုပ်ချုပ်ခွင့်မရ၊ စစ်ကောင်စီ၏ ထောက်တိုင်များကို ရိုက်ချိုးမည်ဟု ရည်ရွယ် ချက်နှင့်အညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမြို့ပြ ပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင် ခဲ့ကြောင်း သိရသည်။

 

ယခုတိုက်ခိုက်မှုသည်” M 043 စစ်ဆင်ရေး ” ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး စတုတ္ထမြောက်ဖော် ဆောင်မှုဖြစ်ကြောင်း၊ အများပြည်သူ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာ ကြရန် GOD’S HAND FORCES အဖွဲ့မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *