Monywa News

0 0
Read Time:3 Minute, 54 Second

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခအတွင်း ကာမီကာဇေဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်မှု လေယာဉ်ကွင်း၊ လျှပ်စစ်ဓာတ်အားခွဲရုံအပါအဝင်အဆောက်အအုံများထိခိုက်ပျက်စီး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ကာမီကာဇေ ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ လေယာဉ်ကွင်း၊ လျှပ်စစ်ဓာတ်အားခွဲရုံအပါအဝင်အဆောက် အအုံများထိခိုက်ပျက်စီးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ အတွင်းသို့ ကာမီကာဇေဒရုန်း ၂ စီး၊ ရော့ကတ်ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်း စစ် ဌာနချုပ်အတွင်းရှိ စစ်တန်းလျား ၆ ခန်းတွဲ၊ ထောက်ပို့တပ်ရင်း ၉၂၉ ရိက္ခာသိုလှောင်ရုံ ၊ ပညရ ၁၁ အရာရှိရိပ်သာ၊ တပ်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံးတို့ကို ထိမှန်ခဲ့ပြီး အထိအခိုက်အပျက် အစီး များပြားမှုရှိကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ရှိတယ်။အရေအတွက်က အတိအကျ မသိရဘူး။ ရော့ကတ်က ၅ လုံး၊ ကာမီကာဇေဒရုန်းက ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာ၊ တိုက်ခိုက်ခံရပြီးတော့ စစ်ကြောင်းထွက်လာတာရှိ တယ်၊ လက်နက်ကြီးပစ်ခတ်တာတော့ မရှိဘူး။ မီးပျက်သွားပြီး စခတွေ အချိန်အဆက် မရဖြစ်သွား လို့ထင်တယ်၊ ညမှောင်ခါနီးတော့ တပ်ထဲပြန်ဝင်သွားတယ်၊ အခုလိုမျိုး နမခထဲကို အသေခံ ဒရုန်း တွေနဲ့ ထပ်မံတိုက်ခိုက်နိုင်ဖို့ မိဘပြည်သူတွေရဲ့ အကူအညီများစွာ လိုအပ်နေပါတယ်” ဟု ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ကာမီကာဇေဒရုန်းများမှာ မုံရွာမြို့လေတပ်ဆွယ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နမခ ဌာနချုပ်အတွင်းသို့ ရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီခန့် ပညာရေးဝန်ကြီး ဒေါက်တာညွန့် ဖေ၏ နေပြည်တော်ပြန်လေယာဉ်ခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း၊ ထို့အပြင် လျှပ်စစ်ဓာတ်အားခွဲရုံထိ မှန်မှုကြောင့် နမခ တပ်ရင်းတစ်လုံး မီးပျက်သွားခဲ့ပြီး ရပ်ကွက်ပြည်များထံပေးသည့် မီးလိုင်းကိုဖြတ် တောက်ကာ နမခတပ်ရင်းအတွင်းမီးရရှိစေရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လေယာဉ်ခရီးစဉ် ဖျက်သိမ်းလိုက်ရသည် အကြမ်းဖက်စစ်ကောင်စီခန့် ပညာရေးဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီ ၃၇ မိနစ်အချိန်တွင် မုံရွာလေဆိပ်မှ Beech-1900D Military Transport Aircraft လေယာဥ်ဖြင့်ပြန်သွားရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ဗျူဟာ – ၄၅ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့၊ Chindwin Rocket Brothers -(C.R.B) ၊ Chindwin Brothers ၊ ချိုမိုင်မိုင် ကနီ နှင့် Spring Guerrilla Platoon အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဌာနချုပ်၊ တပ်ရင်း၊ စခန်းများ တိုက်ခိုက်နိုင်ရန် အသေခံ ကာမီကာဇေ ဒရန်းများစွာလိုအပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းထောက်ပံ့ကူညီပေး ကြပါရန် ကျောက်လုံးကြီး KLG PDF က မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *