RCSS/SSA News

0 0
Read Time:3 Minute, 59 Second

ရှမ်းပြည်တောင်ပိုင်းတည်ငြိမ်ရေးနှင့်ပြည်သူလူထုကိုကာကွယ်သွားမည်ဟု RCSS/ SSA ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၂၉

 

ရှမ်းပြည်တောင်ပိုင်းတည်ငြိမ်ရေးနှင့် ပြည်သူလူထုကို ကာကွယ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ မျက်နှာချင်းဆိုင်တွေ့ဆုံဖြေရှင်း သွားကြရန် RCSS/SSA က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဗဟို ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပသော ၂၀၂၄ ခုနှစ်၊ (၆) လပတ်အစည်း အဝေးနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ရာတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

 

သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် သျှမ်းပြည်လူထုတို့သည် အိုးအိမ် ပစ္စည်းဥစ္စာများ ပျက်စီး ဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများတို့သည်လည်း အတိ ဒုက္ခများ၊ အခက်အခဲ များ ကြုံတွေ့နေရခြင်းတို့အပေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)အနေဖြင့် စိတ်မ ကောင်းခြင်း များစွာ ဖြစ်ခဲ့ရကြောင်း RCSS/SSA က ပြောဆိုသည်။

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူမှု နောက်ပိုင်း ၃ နှစ်ကျော် ကာလအတွင်း၌ အကျိုး ဆက်အားဖြင့် တိုင်းပြည်အနှံ့ တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ လူ့ အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း ကြောင့် နေရာ ဒေသ အသီးသီးတွင် လူဆိုးသူခိုးဓားပြတို့ များပြားလာခြင်းတို့သည် ပြည်သူ လူထုအား လူမှုဒုက္ခအဝဝနှင့် အခက်အခဲများ ကြီးစွာ ကြုံတွေ့စေခဲ့ကြောင်း RCSS/SSA က ဆက်လက်ပြောဆိုသည်။

 

သျှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်း ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပြီး ပစ္စည်း ဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ် အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ကြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားကြပါရန် RCSS/SSA က လေးနက်စွာ တိုက်တွန်းထား သည်။

 

အဆိုပါ အစည်းအဝေးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – RCSS အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) များ၊ ဗဟိုဦးစီးကော်မတီဝင် (CLC) များ၊ ဗဟိုကော်မတီ ဝင် (CC) များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် စုစုပေါင်း ၂၃၂ ဦး တက် ရောက်ခဲ့ပြီး အစည်းအဝေး တွင် ဌာနအသီးသီးက တင်ပြသည့် (၆) လတာ လုပ်ငန်းအစီရင်ခံစာ များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခြင်း၊ သျှမ်းပြည်နှင့် ပြည်ထောင်စု၏ လက်ရှိနိုင်ငံရေး၊ စစ်ရေး အခြေအနေများအား ကျယ် ပြန့်စွာ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *