TNLA News

0 0
Read Time:2 Minute, 35 Second

ကျောက်မဲနှင့်မိုးမိတ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မိုးကုတ်မြို့နယ်အတွင်း နယ်မြေ ရှင်းလင်းစဉ် စစ်သား ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့်မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ပြီး မိုးကုတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သား ၂ ဦး အရှင် ဖမ်းမိကာ လက် နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၈ ရက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)၊ တိုက်ပွဲ (၃၄)ရက်မြောက်နေ့တွင် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်၌ မိုးမိတ်မြို့အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာကုန်းရှိ စကခ ၂၁ လက် အောက်ခံ ခလရ ၂၂၃ တပ်သားများကို TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇူလိုင်လ ၂၈ ရက် ညနေ ၅ နာရီမိနစ် ၂၀ အချိန် မိုးမိတ်မြို့၊ စကခ ၂၁ လက် အောက်ခံ ခလရ ၂၇၆ တပ်ရင်းနှင့် ညောင်ပင်ဆောက်စခန်းရှိ လခရ ၂၂၃ တပ်သားများကိုလည်း TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယမန်နေ့ ဇူလိုင်လ ၂၈ ရက် ညနေ ၅ နာရီခန့်က တပ်မဟာ ၂ နယ်မြေ မိုးကုတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ နယ်မြေရှင်းလင်းရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် အချို့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက်၊ လက်ပစ်ဗုံး၊ RPG နှင့် ငါးကျင်းမြှီးစသည့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၈ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့၊ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂) တပ်ရင်း၊ လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်း စသည့် နေရာများကို တအာင်းအမျိုးသားလွတ်မြောက်တပ်မတော် – TNLA က ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနထံက သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *