Myinmu News

0 0
Read Time:1 Minute, 45 Second

မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲရှိ စစ်သားများကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေ ဆုံး(ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၈

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PEACOCK DRONE TEAM – MYAUNG ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၇ ရက် ညနေ ၆ နာရီခန့်က မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ၌ အင်အား ၃၅ ဦးခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ကြံတိုင်းအောင် စစ်ဆင်ရေး အဖြစ် Shar Htoo Wawနည်းပညာသုံး Fixed wings ၃ စီးဖြင့် Drop bomb ၉ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး နေရာတွင် ပွဲချင်းပီး သေဆုံးပြီး စစ်ကြောင်းမှူး လက်မောင်းဒဏ်ရရှိကာ လက်ဖြတ်ရမည်ဟု သတင်းရရှိထားကြောင်း၊ ဗုံးကြဲတိုက် ခိုက်စဉ် အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို PEACOCK DRONE TEAM-MYAUNG ၊ STANDARD REVOLUTION FORCE SRF-MMU ၊ မိုင်းမင်းသား တို့နှင့်အတူ နယ်မြေခံ PDF များ အတူတကွ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *