စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်ရန် သင်္ဘော ၅ စီးဖြင့် ထိုးစစ်ဆင်လာသော စစ်သားများကို တိုက်ခိုက်မောင်းထုတ်
D Day News
ဇူလိုင်လ ၂၈
မန္တလေးတိုင်း ၊ စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် သင်္ဘော ၅ စီးဖြင့် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၇ ရက်နေ့က စဉ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးမှ အပြီးသတ် သိမ်းပိုက်ပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က သင်္ဘော ၅ စီးဖြင့် မြစ်ကြောင်းအတိုင်း တန်ပြန်ထိုးစစ်ဆင်လာခဲ့ကြောင်း သိရသည်။
ထို့သို့ တန်ပြန်ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်သားများကို အထိနာသည်အထိ တုန့်ပြန် တိုက် ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သင်္ဘောများမှာလည်း တဖက်ကမ်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့ကြောင့် စဉ့်ကူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် စစ်ကောင် စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေရချိန်ဖြစ်ပါသောကြောင့် ယခုကာလကို ရှုပ်ထွေးသောကာလအဖြစ် သတ်မှတ်နိုင်ပြီး မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေး အ သိ စစ်ရေးသတိ မပေါ့လျော့ပဲ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါရန် တိုက် တွန်းထားသည်။
ထို့အပြင် စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက် ကြီးပစ်ခတ်မှုများပြုလုပ်၍ စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေချိန်ဖြစ်သောကြောင့် လက်နက်ကိုင်ဆောင်ထားသော တော်လှန်ရေးတပ်ဖွဲ့ များအနေဖြင့် ပြည်သူလူထု ဝန်ထုတ်ဝန်ပိုး ဖြစ်စေမည့် လုပ်ရပ်များနှင့် ပြည်သူကို မျက်နှာမူခြင်းမရှိသည့် လုပ်ရပ်များကို ရှောင်ရှားကြပါရန် ဆက်လက် တိုက်တွန်းထားသည်။
စဉ့်ကူးမြို့နယ်သည် စစ်ဆင်ရေးလုပ်ငန်းများ ဖော်ဆောင်နေဆဲကာလဖြစ်ပြီး မိတ်ဖက် တော်လှန် ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးကာလအတွင်း လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့် အညီ ပြုမူနေထိုင် ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထုတ်ပြန်ထားသည်။
D Day News