Thayet Chaung News

0 0
Read Time:1 Minute, 57 Second

သရက်ချောင်းမြို့နယ်တွင် စစ်ဆေးရေးဂိတ်နှင့် ပျူ၊ရဲကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု ကျည်ဆံ များ သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၈

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ကျည်ဆည်များပို့ဆောင်ပြီး ပြန်လာသော ရဲ၊  ပျူကား တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျည်ဆံများသိမ်းဆည်းရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း ထံမှ သိရသည်။

 

ဇူလိုင်လ ၂၅ ရက် ညနေ ၅ နာရီခန့်က သရက်ချောင်းမြို့ပေါ်တွင် ကျည်ဆံများပို့ဆောင်ပြီး ထားဝယ် မြို့ဘက်သို့ ပြန်လာသော ရဲ၊ ပျူစောထီး ၃ ဦး လိုက်ပါလာသည့်ကားတစ်စီးကို သင်းကျွန်းရွာနှင့် ရန် တောင်ရွာကြားအရောက် ပြည့်သူ့တော်လှန်ရေးရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ရဲ၊ ပျူစောထီးများ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး စစ်ယူနီဖောင်းများ၊ ကျည်ဆန်ပို့စာရင်းနှင့် ကျည်ဆံများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ‌ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ (၁) (သရက်ချောင်းပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့) နှင့် ကော်သူးလေတပ်မတော် (KTLA) ရဲဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွ ကျေး ရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ ရဲဘော်များက 79 MM ၊ လက် နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းညီနေင်စစ်ကြောင်းက ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *