Shwe Bo News

0 0
Read Time:2 Minute, 10 Second

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းမှ ညောင်ကိုင်းရွာသို့ ရိက္ခာပို့ရန် ထွက်လာသော စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၈

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းမှ ညောင်ကိုင်းကျေးရွာသို့ ရိက္ခာပို့ရန် ထွက်လာ သောအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့က ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျူစခန်းမှ ညောင်ကိုင်းကျေးရွာသို့ ရိက္ခာ ပို့ရန် ထွက်လာသော ကား၊ ထော်လာဂျီ နှင့် အကြမ်းဖက်စစ်သား၊ ပျူအင်အား ၆၀ ခန့်ပါ စစ်ကြောင်း တစ်ခုကို လမ်းကြောတစ်နေရာ၌ စတုတ္ထကြိမ်မြောက် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ဟန့်တားခဲ့ ကြောင်း သိရသည်။

ထို့နောက် ထပ်မံရှေ့တိုးလာသော အကြမ်းဖက်စစ်သားနှင့် ပျူများကို ထနောင်းကိုင်းကျေးရွာ ရွာ ထိပ်တံတား အရောက် Drone ​ဗုံးသီး ၃၄ လုံး ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေ ဆုံးမှုရှိနိုင်ပြီး အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ၇ ချက် မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ရာ နှမစားရစ် ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦး နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ လက်နက်ကြီးစထိမှန်ုဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁) (Guardian Force) ၊ တပ်ခွဲ (၂) (Warlord Defense Force) ၊ တပ်ခွဲ (၃) (Snake Eye PDF) ၊ Dragon Urban Guerrilla Force (DUGF) နှင့် Fire Dragon PDF (Khin Oo) တပ်ဖွဲ့တို့ အတူပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *