Matupi News

0 0
Read Time:2 Minute, 21 Second

မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သား ၁၂၀ ဦးဝန်းကျင်ကို လက်နက်ခဲယမ်း များနှင့် အတူ ဖမ်းဆီးရရှိ၊ ကျန်ရှိသူများကို ဆက်လက် ရှင်းလင်း ဖမ်းဆီးနေ

 

D Day News

ဇူလိုင်လ ၂၈

 

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော အကြမ်းဖက်စစ်သား ၁၂၀ ဝန်းကျင်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိပြီး ကျန်ရှိနေသူများကို ဆက်လက် ရှင်းလင်းနေကြောင်း ချင်းညီနောင်က ကြေညာသည်။

 

မတူပီမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၃၀၄ ၊ ခလရ ၁၄၀ နှင့် မတူပီ အခြေချ စစ်ဗျူဟာတို့ ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးတွဲ စစ်ဆင်ရေးအဖြ ထိုးစစ်ဆင်တိုက်ခိုက်ကာ ဇွန်လ ၂၉ ရက်နေ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် အသက်လုထွက်ပြေးသွားသော စစ်ကောင်စီတပ် သားများ၊ တပ်မိသားစု ဝင်များ၊ အရပ်ဘက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ဦးဝန်းကျင်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် လက်နက် ခဲယမ်းများ၊ စစ်အသုံး အဆောင်များနှင့်အတူ ပထမအသုတ်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ထွက်ပြေးလွတ်မြောက်နေသော လက်ကျန်စစ်သုံ့ပန်းများ၊ တပ်မိသား စုဝင်များ ပါဝင်သော စစ်ကြောင်းနှင့် ၂ နာရီကြာ ထပ်မံ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒုတိယအသုတ် အဖြစ် စစ်သုံ့ပန်းများ ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အခြားထွက်ပြေး လွတ်မြောက်နေသူများကိုလည်း ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရရှိသူသော စစ်သုံ့ပန်းများတွင် အစာငတ်ပြတ်ခြင်း၊ ဆေးဝါးမရှိခြင်းနှင့် တိုက်ပွဲအတွင်း ပြင်း ထန်ဒဏ်ရာများဖြင့် သေဆုံးသူတချို့ရှိကြောင်း၊ စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်း သိမ်းထားကြောင်း ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့က အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *