Lasho News

0 0
Read Time:1 Minute, 42 Second

လားရှိုးမြို့ ခလရ ၆၈ တပ်ရင်းနှင့် အသံလွှင့်ကုန်းမြင့်စခန်းကို သိမ်းပိုက်မှု စစ်ကား ၁၀ စီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၈

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းနှင့်အသံလွှင့် ကုန်း စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကား ၁၀ စီးအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၇ ရက် ညနေပိုင်းက လားရှိုးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဗမာပြည်သူ့ လွတ်မြောက် ရေးတပ်တော် (BPLA)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့ လွတ်မြောက် ရေးတပ်တော် (BPLA) ကထုတ်ပြန်ထားသည်။

 

ယင်းတိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်သုံးကား ၁၀ စီးအပါအဝင် လက်နက် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် ဇူလိုင်လ ၂၇ ရက် နံနက် ၁၀ နာရီ ခန့်က လည်း လားရှိုးမြို့ဆင်တောင်ထိပ်ရှိ အကြမ်း ဖက်စစ်ကောင်စီ၏ အသံလွှင့်ကုန်းမြင့်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်း အမြောက် အများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *