မိုးကုတ်မြို့အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၄ ဦးကို ကယ်ထုတ်နိုင်
D Day News
ဇူလိုင်လ ၂၈
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် မိုးကုတ်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေး အ ကျဉ်းသား၊ အကျဉ်းသူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်သည်။
ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ မိုးကုတ်မြို့နယ်ကို TNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ် ဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၆ ရက်နေ့တွင် မိုးကုတ်မြို့နယ် အနောက်ပိုင်း၊ ဒေါ်နန်းကြည် တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကို အသီးသီးသိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် မိုးကုတ်ကျပ်ပြင်ရဲစခန်း၊ အောင်သာယာနှင့် အာကာမိုး တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ရေးအနေအထားအရ မိုးကုတ်မြို့ အနောက်ပိုင်း တစ်ခြမ်းလုံးကို ဇွန်လ ၃၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ဇူလိုင်လ ၂၄ ရက်နေ့အထိ မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ် တန်းဗျူဟာကုန်း၊ အပေါ်ရဲစခန်း ၊ အချုပ်ထောင်၊ တောင်ပေါ် စေတီကင်းစခန်း၊ မြို့ပတ်လည် ကင်း စခန်း၊လယ်ဦး၊ အေးစေတီ၊ ကျောက်သင်္ဘောတောင်၊ ပတ္တမြားစေတီတောင်၊ ချမ်းမြေ့သာယာတောင်၊ ကချင်ပန်းမ၊ ဗမွန်ရွာ ကင်းစခန်း အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်ခဲ့ရာ စစ်ဆင် ရေးကာလ ၁ လအကြာ၌ မိုးကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်သိမ်းပြီးနောက် မိုးကုတ်အကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးအကျဉ်းချခံထား ရသော နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင်
ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၄ ဦးကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာက လွဲပြောင်းလက်ခံယူခဲ့ပြီး ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကယ် ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၂၈ နံနက်ပိုင်းတွင် မိုးကုတ်ဗျူဟာက ကြေညာထားသည်။
D Day News