Yangon News

0 0
Read Time:2 Minute, 0 Second

မှော်ဘီမြို့နယ်ထွေအုပ်ရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ

 

D Day News

ဇူလိုင်လ ၂၇

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၇ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန်က မှော်ဘီမြို့နယ် ထွေအုပ်ရုံး၌ တပ်စွဲနေထိုင် သော အကြမ်းဖက်စစ်သားများကို အားပြင်းသော ချိန်ကိုက်မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ ပြီး လမ်းများပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မိုင်းကလည်း ၃ လုံးစလုံးအောင်တယ်၊ ထိထိရောက်ရောက်လည်းဖြစ်ခဲ့တယ်။ လတ်တလောတော့ ၃ ယောက်ထိတယ်လို့ကြားတယ်၊ ပေါက်ကွဲမှုက အသံကို ဟိန်းနေတာပဲ၊ဒီမစ်ရှင်ကိုလည်း တစ်လနီး ပါးကြိုတင်စီစဉ်ပြီးမှ လုပ်ခဲ့တာ။ ထိထိရောက်ရောက်ဖြစ်အောင်လုပ်ဖို့လည်း မြေပြင်ရဲဘော်တွေကို ပြောထားတယ်၊ အရင်ပွဲတွေကတော့ မိုင်းက Error ဖြစ်တာမျိုးတွေရှိတယ်၊ အခုကမိုင်းက ၃ လုံးစ လုံး အောင်တယ်” ဟု မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မြောက်ဥကလာပ(ပကဖ)ရဲဘော်များမှ ဖော် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းလုံစွာ ဆုတ်ခွာနိုင်ခဲ့ပြီဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *