မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက် မှု လျှပ်စစ်ခွဲရုံ ထိခိုက်ပျက်စီး
D Day News
ဇူလိုင်လ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခ တပ်အတွင်းသို့ ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ လျှပ်စစ်ခွဲရုံ ထိခိုက်ပျက်စီးမှုရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံက သိရသည်။
ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တပ် အတွင်းထဲသို့ ရော့ကတ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဌာနချုပ်အတွင်းရှိ လျှပ်စစ်ခွဲရုံ ကို ထိခိုက်ပျက်စီးခဲ့ပြီး စစ်တိုင်းရုံး၊ နမခတပ်လေဆိပ် တို့အပါအဝင်တပ်ရင်းမီး လိုင်း များပြတ် တောက်သွားသွားခဲ့ကြောင်း၊ တပ်ဌာနချုပ်အတွက်အရေးပါသည့် စစ်တိုင်းရုံးနှင့် လေ ဆိပ်တို့ကို အလုံမြို့ ရပ်ကွက်များအတွင်းပေးသည့် မီးလိုင်းကို ဖြတ်ယူကာ အရေးပေါ် သုံးစွဲခဲ့သဖြင့် ရပ်ကွက် နေပြည်သူများ လျှပ်စစ်မီးရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
“ရော့ကတ်ရယ်၊ ဒရုန်းရယ် အသုံးပြုတိုက်ခိုက်ခဲ့တာပါ။ တပ်ရင်းထဲမှာ မီးပျက်သွားတာလောက်ပဲ သိရတယ်၊ တခြားထိခိုက်ပျက်စီးမှုကတော့ မသိရဘူး။ လျှပ်စစ်ရုံးထိတော့ မီးပျက်သွားတယ်၊ လော လောဆယ်တော့ အဲဒါပဲသိရသေးတယ်၊” တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
D Day News