အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားနှင့် အခြေခံသင်တန်း အပတ်စဉ် ၆ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
D Day News
ဇူလိုင်လ ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ အထူး လက်ရုံးတပ်ဖွဲ့ဖြစ်သော၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲကို ပူးတွဲကျင်းပခဲ့ ကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့က အဆိုပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် အလံ တော် နှင့်ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော သဝဏ်လွှာ အား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်ဖွဲ့မှုး ရဲဘော်အောင်စံရှားမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ရဲဘော်များ အား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရဲဘော်များမှ စစ်ရေးပြလှည့်လည်အလေးပြုခဲ့ကြပြီး သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ (၃) နှစ် ပြည့်အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
SOF တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့် အချိန်မှစ၍ မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ အကြမ်းဖက်စစ်သားစုဆောင်းခြင်းနှင့် အာဏာရှင်လက် အောက်စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များ၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်လိုသော လူငယ်လူရွယ်များ အား တပ်ဖွဲ့မှ နွေးထွေးစွာ လက်ခံကြိုဆိုလျက်ရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။
D Day News