သံတွဲမြို့၊ သူဌေးချောင်းဆည်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး ဆည်ရေလမ်းကြောင်း တလျှောက်ရှိ အနီးပတ်ဝန်းကျင်၌ နေထိုင်သူ ပြည်သူများအနေဖြင့် ရေဘေးလွတ်ရာချက်ချင်း ပြောင်းရွှေ့ရန် AA ထုတ်ပြန်
D Day News
ဇူလိုင်လ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးချောင်းဆည်အတွင်း၌ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ဆည်ရေလမ်းကြောင်းတလျှောက်ရှိ အနီးပတ်ဝန်းကျင်တွင်နေထိုင်သူ ကျေးရွာများ၊ ပြည်သူများ နေအဖြင့် ရေဘေးလွတ်ရာချက်ချင်းပြောင်းရွှေ့ကြရန် ရခိုင့်တပ်တော် -AA ကထုတ်ပြန်သည်။
ယနေ့ဇူလိုင်လ ၂၇ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန် တိုင်းတာချက်အရ သံတွဲမြို့ သူဌေးချောင်း ဆည် ရေသည် စိုးရိမ်ရေမှတ် (အနီရောင်)အဆင့်ကျော်လွန်လာနေပြီဖြစ်ပြီး မိုးလည်းဆက်လက်ရွာ သွန်းလျက်ရှိသဖြင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများ အနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းပေး ကြပါရန် အရေးပေါ်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက် မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသော မိုးများကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အရေးပေါ်အကူအညီများလိုအပ်လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတ နာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ရခိုင့်တပ်တော်က အလေးအနက် တိုက်တွန်း ထုတ်ပြန်ထားသည်။
D Day News