မိုးဗြဲရေကာတာကို အကြမ်းဖက်စစ်ကောင်စီတပ်က မဆင်မချင်ဖွင့်ချမှုကြောင့် ကျေးရွာများ၊ စိုက် ခင်းများ ရေနစ်မြှုပ်နိုင်
D Day News
ဇူလိုင်လ ၂၆
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ မိုးဗြဲရေကာတာကို အကြမ်းဖက်စစ်ကောင်စီတပ်သား များက မဆင်မခြင်ဖွင့်ချမှုကြောင့် ပြည်သူ့နေအိမ်များ၊ စိုက်ခင်းများ ရေနစ်မြှုပ်ကာ ပျက်စီးမှုရှိနိုင် ကြောင်း ကရင်နီပြည်ကြားကာလ အစိုးရအဖွဲ့က အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက် နံနက်အစောပိုင်းက မိုးဗြဲအခြေစိုက် တရားမဝင်အကြမ်းဖက်စစ်ကောင် စီ၏ ခမရ ၄၂၂ တပ်ရင်းက မိုးဗြဲရေကာတာ ရေတံခါးကို အဆင်အခြင်မဲ့ ဖွင့်ချခဲ့ရာ ဘီလူးချောင်း ရေ မှာ (၂၄) နာရီအတွင်း (၈) ပေအထိ မြင့်တက်သွားခဲ့ပြီး မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတို့တွင် ရေကြီးမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူလယ်သ မားများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် တမင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အစိုးရအဖွဲ့က သုံးသပ်ထားသည်။
ထိုသို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် စပါးခင်းအများစု (ခန့်မှန်း ဧက ၁၀၀၀ ခန့်) မှာ ရေနှစ်မြှုပ်နိုင်ပြီး ပျက်စီးဆုံးရှုံးမည့်အရေးနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ ထို့အတူ လွိုင်ကော်မြို့နှင့် အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများမှာလည်း ရေကြီးမှုများ ရှိလာနိုင်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက သတိပေးထားသည်။
သို့ဖြစ်ပါ၍ (၃) ရက်အတွင်း ရေများထပ်မံမြင့်တက်လာနိုင်သည့် အရေးပေါ် အခြေအနေဖြစ်နေပါ သဖြင့် လွိုင်ကော်မြို့နှင့် အနီးတဝိုက် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းတွင် နေထိုင် ကြသော မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရွေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေး နှိုးဆော်ထားသည်။
ထို့အပြင် အရေးပေါ်အကူအညီလိုအပ်ပါက ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေး ဌာန ခွဲ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတို့၏ Singal ဖုန်းနံပါတ် များ ဖြစ်ကြသော +66 951 901 790 ၊ +66 955 751 317 တို့သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေး ထုတ်ပြန်ထားသည်။
D Day News