Yesagyo News

0 0
Read Time:2 Minute, 6 Second

ရေစကြိုမြို့နယ်၊ ဆင်ချောင်းနှင့် ဂွေးချိုပျူစောထီးစခန်းတို့ကို ရော့ကတ်လက်နက်ကြီးများဖြင့် တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၆

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာနှင့် ဂွေးချိုု ပျူစောထီးစခန်းတို့ကို ရော့ကတ် လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရေစကြိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အ ထိုင်ချတပ်စွဲထားရာ ဆင်ချောင်းရွာနှင့် ဂွေးချိုကျေးရွာရှိ စခန်းတို့ကို ရော့ကတ်လက်နက်ကြီး ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့တစ်ရက်တည်း ဂွေးချိုရွာနဲ့ ဆင်ချောင်းရွာကို ရော့ကတ် ၅ လုံးပစ်ခတ်ခဲ့တာပါ။ ထိခိုက် သေ ဆုံးမှုကတော့ မသိရသေးပါဘူး၊ သူတို့ဘက်က အထိနာလို့ ကျနော်တို့ဘက်ကို လက်နက်ကြီး ၂ ကြိမ် ပြန်ပစ်တာပါ။ ကျနာ်တို့မဟာမိတ်ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအားလုံး အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုပိန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ၊ Cobra One (Pakokku) ၊ Taty (Pakokku) ၊ Thurain -TR နှင့် Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ဘက်မှ လက်နက်ကြီး ၂ လုံးဖြင့် ပြန်လည် ပစ်ခတ် တိုက် ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *