Shwe Bo News

0 0
Read Time:2 Minute, 48 Second

ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်ရင်းအတွင်းနှင့် ခြေလျင်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် မှု စစ်သား ၇ ဦးသဆုံး

 

D Day News

ဇူလိုင်လ ၂၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၁၂ တပ်ရင်း အတွင်းနှင့် ခြေလျင်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေ ဆုံး ခဲ့ကြောင်း နယ်စည်းမခြား ရွှေဘိုသား – LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်မြောင်းမြို့ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၁၂ တပ်ရင်းအတွင်းရှိ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်ချထားသော နေရာအား ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ Fixed Wings Drone များဖြင့် ဗုံးသီး ၁၀ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် အချက်ရေ အများ အပြား ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေဘို -ကျောက်မြောင်းလမ်းပိုင်းကို ခြေလျင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများ အုန်းပေါက်ရွာအနီးအရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဒရုန်းတပ်ဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ရက်ပေါင်း အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို နယ်စီးမခြားရွှေဘိုသား LPDF (Drone) တပ်ဖွဲ့ ၊ ရွှေဘို တာနောယက္ခ ဒရုန်းအဖွဲ့ (Drone)တပ်ဖွဲ့၊ Black Wolf (Drone) တပ်ဖွဲ့ နှင့် ခင်ဦးမြို့နယ် နဂါးညီနောင် (Drone) တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် နယ်စည်မခြား ရွှေဘိုသား ဒရုန်းတပ်ဖွဲ့မှ ပြုလုပ်လျက်ရှိသော ဒရုန်းကမ် ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါန် မေတ္တာရပ် လို့ကြောင်း နယ်စည်းမခြားရွှေဘိုသား LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *