Myingyan News

0 0
Read Time:3 Minute, 14 Second

ဆီမီးခုံမြို့ပေါ်တွင် ၄၀ မမ အောက်တွဲလောင်ချာကိုင်ပြီး သောင်းကျန်းနေသော စစ်သား တစ်ဦးကို ဝင်ရောက်လုံးထွေးပစ်သတ်ပြီး ၄၀ မမ ထောက်တွဲ လက်နက်ရရှိ

 

D Day News

ဇူလိုင်လ ၂၆

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်တွင် ၄၀ မမ အောက်တွဲလောင်ချာသေနတ်ကိုင်ဆောင် ပြီး သောင်းကျန်းနေသောအကြမ်းဖက်စစ်သားတစ်ဦးကို လုံးထွေး ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ကာ ၄၀ မမ လက်နက်လုယူရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ဇူလိုင်လ ၁၈ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ဆီးမီးခုံမြို့၊ ဝါးထောင်ဘုန်းကြီးကျောင်းအနီးတွင် ၄၀ မမ အောက်တွဲ လောင်ချာ သေနတ်တစ်လက်ကိုင်ဆောင်ပြီး သွားလာသောင်းကျန်းနေသော အကြမ်းဖက်စစ်သား အင်္ဂုလိဆိုသည်ကို တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးက ဝင်ရောက်လုံးထွေး သတ် ပုတ်ပစ်ခတ်သတ်ပြီး ၎င်းကိုင်ဆောင်သော ၄၀ မမ ထောက်တွဲလောင်ချာနှင့်အတူ ခဲယမ်းများ သိမ်း ဆည်းရရှိကာ ဘေးအန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“သူက ဖိုးဝှီးကားနဲ့ အမြဲတမ်းဈေးလာတယ်၊ ကွမ်းဝင် ထုတ်တယ်၊ ကွမ်းဝင် ထုတ်တဲ့အချိန်မှာ အမြဲ တမ်း 40 အတွဲကြီးကိုင်ထားတာ၊ အဲလို 40 အတွဲကြီးတွေကိုင်ထားတော့ သူ့ကို အကုန်ကြောက်နေ ကြတာ၊ အဲဒါကြောင့် ကျနော်တို့လည်း အင်္ဂုလိဆိုဲတဲ့ကောင်ကို လုပ်ရအောင်ဆိုပြီး ၁၇ ရက်နေ့မှာ သွားချောင်းတဲ့အချိန်မှာ အင်အားကြီးက အရမ်းများနေတော့ ကျောချင်းပေးပြီး ရှောင်ခဲ့တယ်။ တို့ မှာက ဂန်းလည်း မရှိဘူး၊ ဒီဂန်းလည်းလိုချင်တယ်ဆိုပြီးတော့ ၁၈ ရက်နေ့မှာ အရဲစွန်းပြီး ထပ်လာ လိုက်တာ၊ ဖိုးဝှီးကားနဲ့ ကွမ်းဝင်အထုပ်မှာ ဆိုင်ကယ် ဖရီးရိုက်ပြီး ကပ်ပစ်တာ၊ ကျနော်တို့မှာ 380 SIG နဲ့ပစ်တဲ့အခါမှာ ထိရောက်မှုအားပျော့တော့ သူက ပြန်လှန်ပစ်မလို့လုပ်တာပေါ့၊ အဲလိုလုပ်တဲ့အချိန် ခေါင်းကိုဆွဲပြီး နပန်းဝင်လုံးတာ။ ၄ ယောက်ဝင်လုံးပြီး ပထမ ရင်ဘတ်တွေကို ပစ်တာ၊ ရင်ဘတ်တွေ မှာက ကျည်ကာပါတော့ မထိရောက်တာနဲ့ ဆီးပုံး ၂ ချက်၊ ထိပ်တစ်ချက်ပစ်ထည့်လိုက်တာ၊ ဝင်လုံး ပစ်တဲ့အချိန်မှာ အသံတွေထွက်သွားလို့ သူ့ဆီက ဂန်းတော့ရခဲ့တယ်၊ ကျနော်တို့ဆီပါတဲ့ SIG ထိုင်း နိုင်ငံထုတ်လက်နက်တစ်လက်နဲ့ ဖုန်းတစ်လုံးတော့ ကျကျန်ခဲ့နေခဲ့တယ်” ဟု တော်လှန်ရေးသတင်း ရင်းမြစ်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *