Lasho MNDAA News

0 0
Read Time:3 Minute, 36 Second

လားရှိုးတွင် ဒုဗိုလ်မှူးကြီးဝင်းမိုးနိုင်ပါ စစ်သည် ၃၀၀ ကျော်သည်လက်နက်ချမှုနှင့်ပတ်သက်၍ ဗိုလ် ကြီးနေမျိုးဇင်၏ တိုက်တွန်းချက် (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂၄

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နောက်လက်အဖြစ်ဆက်ရှိနေမည်ဆိုပါက မကြာမီ နစ်မြှုပ်ပျက်စီးရတော့မည်ကို သိရှိပြီး ဒုဗိုလ်မှူးကြီးဝင်းမိုးနိုင်အပါအဝင် အရာရှိ စစ်သည် ၃၀၀ ကျော်က MNDAA ထံလက်နက်ချ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရှင်းပြ သည်။

 

ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီခန့် လားရှိုးမြို့အနီးတဝိုက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ် တပ်မ မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားစုစုပေါင်း ၃၁၇ ဦးကို ခေါ်ဆောင်ကာ MNDAA တပ်သို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုသည်ကို ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း သိရသည်။

“သူတို့မှာ ဂုဏ်သိက္ခာအရ ကာကွယ်ဖို့ဆိုရင်လည်း သူ့တို့ခေါင်းဆောင်က သောက်ရူးဖြစ်တယ်။ သူတို့ဟာ ဥပဒေနဲ့အညီလုပ်နေတဲ့လို့ သူ့မိသားစုနဲ့ သူ့အသိုင်းအဝိုင်းနဲ့ သူတာဝန်ယူပါတယ်လို့ နိုင်ငံ သားကို ပြောရအောင်လည်း သူတို့ဟာ ဥပဒေမဲ့ လုပ်ရပ်တွေအကြောင်း သူတို့ကိုယ်သူတို့ သိလာ တယ်။ သူတို့ရဲ့ အနာဂတ်ဟာ ဖက်ဆစ်သောက်ရူးမင်းအောင်လှိုင်လက်အောက်မှာ ဆက်နေမယ်ဆို ရင် အရူးရဲ့နောက်လိုက်အဖြစ် စိတ္တဇ ဝေဒနာသည်ရဲ့ နောက်လိုက်အဖြစ် နစ်မြှုပ်သွားမှာဖြစ်တော့ တဲ့အတွက် အမှန်ကန်ဆုံးလမ်းကို ရွေးချယ်လိုက်တာဖြစ်တယ်။” ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောကြားသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဥပဒေအရ တရားဝင်မှုမရှိပဲ မကြာမီကုန်ဆုံးတော မည့် သက်တမ်းအမီ အတင်းအဓမ္မယာယီသမ္မတအဖြစ် မိမိကိုယ်ကိုမိမိတင်မြှောက်ကာ အတင်း အဓမ္မဆက်မိုက်ရန် ကြိုးစားနေသည့် စိတ္တဇဝေဒနာသည်တစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

 

“သူ့ကိုယ်သူ ယာယီသမ္မတအဖြစ်ခန့်အပ်လိုက်တဲ့ မင်းအောင်လှိုင်သည် ဥပဒေအရလည်း တရားဝင်မှု မရှိ၊ မကြာခင်သက်တမ်းကုန်းတော့မယ်၊ သူ့ဘက်က ဘယ်သူမှ ထောက်ခံမှုမရှိတော့တဲ့ မရ ရတဲ့ နည်းနဲ့ ၆ ရက်တာ ကာလအတောအတွင်း သူ့ကိုယ်သူ ယာယီသမ္မတ အဖြစ် အတင်းခန့်၊ အာဏာရှင် ယစ်ပလ္လင်မှာ အတင်းဆက်နေဖို့ကြိုးစားနေတဲ့ မိုက်မဲသော စိတ္တဇဝေဒနာသည် သာသာဖြစ်နေပြီ ဖြစ်တယ်၊ အဲဒီတော့ စိတ္တဇဝေဒနာသည်သာသာမင်းအောင်လှိုင်ရဲ့ ခပ်ရိုင်းရိုင်းပြောရရင် သောက် ရူး မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကို လက်မခံနိုင်တော့လို့ ဒုဗိုလ်မှူးကြီး ဝင်းမိုးနိုင်အပါအဝင် အရာရှိ စစ် သည် ၃၀၀ ကျော်ဟာ ကိုးကန့်တပ်မတော်ထံ လက်နက်ချပြီး သာသာယာယာ သူ့ရဲ့ အသက်ရှင် ခွင့် ကို ရွေးချယ်လိုက်တာဖြစ်တယ်။” ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *