Sagaing News

0 0
Read Time:3 Minute, 57 Second

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာတွင် ဈေးဝယ်ပြန်လာသည့် စစ်တပ်အရာရှိနှင့် ပျူစောထီးတစ်ဦး ပစ်သတ်ခံရမှုကြောင့် စစ်သား၊ ရဲ၊ ပျူစောထီးများက ပြည်သူ့နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီး

 

D Day News

ဇူလိုင်လ ၂၄

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ ဈေးဝယ်ပြန်လာသည့် စစ်တပ်အရာရှိတစ်ဦးနှင့် ပျူ စောထီး တစ်ဦး ပစ်သတ်ခံရမှုကြောင့် စစ်သား၊ ရဲ၊ ပျူစောထီးများက စစ်ကြောင်းဖြင့် ထွက်ကာ ပြည် သူ့နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက မင်းကွန်းရဲစခန်းမှ အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦး တို့သည် စစ်ကိုင်းမြို့မှ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဦစလုံးသေဆုံးသွားကြောင်း၊ ထို့ကြောင့် မင်းကွန်းရဲစခန်းမှ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီး ပူပေါင်းအင်အား ၁၀၀ ခန့်ဖြင့် ထွက်လာကာ မြသိန်းတန်ဘုရာအနီးရှိ နေအိမ် များ အပါအဝင် ပြည်သူ့နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“နှစ်ပွင့်ဗိုလ်နဲ့ ပျူတစ်ဦး ဆိုင်ကယ်နဲ့ဈေးဝယ်ပြီးပြန်လာတာကို အနီးကပ်ဝင်ပစ်တာ၊ အဲဒါကြောင့် ပတ်ရမ်းနေတာပါ၊ လက်ရှိတော့ တိုက်ပွဲက ငြိမ်သွားပြီ။ စခတွေက ထပ်မီးရှို အုံးမယ်လို့ ကြိမ်းနေ တယ်။ စစ်ကြောင်းနဲ့ထွက်မီးရှို့တော့လည်း ထပ်တိုက်ခံရသေးတယ်။ မိုင်းလည်းဆွဲခံရတယ်။ အဲဒီမှာ လည်း စခတွေ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်။ အတိအကျတော့ မသိရဘူး။ နေအိမ်တွေမီးရှို့ရုံမက ဘူး၊ မဆိုင်တဲ့ပြည်သူတွေကိုလည်း ဖမ်းသွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြော ကြားသည်။

 

အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရှားရောင်းရွာမှ နေအိမ် ၂၈ လုံး၊ မင်းကွန်းတောင်ရွာမှ နေအိမ် ၂ လုံး၊ မင်းကွန်းမြောက်ရွာမှ နေအိမ် ၄ လုံး တို့ကို မီးရှို့ဖျက်ဆီးသွား ကြောင်း၊ ပြည်သူများက မီးငြှိမ်းသတ်ခြင်း မပြုနိုင်ရန် သေနတ်များ ပစ်ဖောက်တားဆီးခြင်း၊ ရေပိုက် လိုင်းများဖြင့် ဖြတ်တောက်ခြင်းလုပ်ဆောင်ခဲ့သည့်အပြင် သာမန်အရပ်သား ပြည်သူ ၆ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

 

“မင်းကွန်းမြောက်ရွာ ဘောလုံးကွင်း အနောက်ဘက်က စည်သူလက်ဖက်ရည်ဆိုင်နဲ့ လက်ဖက်ရည် ဆိုင် မလှမ်းမကမ်းက အရက်ဆိုင်ကို မီးစရှို့တယ်။ စစ်ခွေးတွေက မီးမရှို့ခင် ဘီယာဗူး ၊ အရက် ပုလင်းတွေ ယူပြီး ဆိုင်ကို မီးရှို့ ယမကာဆိုင်ဘေးက ကပ်လျက် လူမနေတဲ့ အိမ်ပါ မီးရှို့ဖျက်စီးသွား တယ်။ မင်းကွန်းဆုတောင်းပြည့် မြတ်စွာဘုရား အနောက်ဘက်က ရွှေမင်းသားဖုန်းဆိုင်နဲ့ အထည် ဆိုင်၊ မင်းကွန်းတောင်ရွာက မယ်တော်ကြီးမြတ်စွာဘုရားနားက နေအိမ် ၁ အိမ်ကိုလည်း မီးရှို့တာ အကုန်ပြာကျသွားတယ်။ စစ်ခွေးတွေက မီးရှို့ပြီး ချက်ချင်းမပြန်ဘူး။ သေနတ်တွေနဲ့ အစောင့်ထား၍ မီးငြိမ်းတဲ့သူကို ပစ်မယ်ဆိုလို့ မီးတော်တော် လောင်မှ ရွာသူရွာသားတွေ ထွက်ငြိမ်းကြရတာ ရေမ လာ အောင် တစ်ရွာလုံးကို ရေပေးနေတဲ့ ရေပိုက်လိုင်း မီးကြိုးတွေကိုလည်း သေနတ်နဲ့ ပစ်ပြီး ဖျက် ဆီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *