Yangon News

0 0
Read Time:1 Minute, 52 Second

စစ်အာဏာရှင် အဖွဲ့အစည်းကြောင့် ကျဆုံးခဲ့ရသူ ၅၄၀၀ နီးပါးရှိပြီဖြစ်ကြောင်း ရန်ကုန်အမေရိကန် သံရုံးက ကျောက်တုံးအမှတ်အမှတ်အသားဖြင့် ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၂၃

 

စစ်အာဏာရှင်များ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၅၄၀၀ နီးပါးရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကျောက်တုံးအမှတ်အသားဖြင့် ထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့သည် မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွက်မျက်မှု ၂ နှစ်ပြည့် မြောက်သည့်နေဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းမှစတင်ပြီး တဟုန်ထိုး မြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောကရောက်ရပါကြောင်း အမေရိကန်သံရုံးက ပြောဆိုသည်။

 

စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်မှု ၂ နှစ်ပြည့်မြောက်ခြင်းကို အမေရိကန်သံရုံးက အမှတ်အသားပြုပါကြောင်း၊ အာဏာရှင် အဖွဲ့ အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံး သူများအမှတ်တရ အထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ ပြီး ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *